ဇာတ်ကားများ ရွေးရန်

Mutt Boy

2003ဇာတ်ကားအမှတ် 6.1/10101 မိနစ်

Mutt Boy (2003) ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Action,Comedy အမျိုးအစား Mutt Boy ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ကတော့ မင်းသားကြီး Jung Woo-sung, မင်းသမီး Uhm Ji-won တို့မှ အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ချောမင်ဟာ ကလေးဘဝအရွယ်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် သူ့ကို"တုံးဂယ်"(လမ်းဘေးခွေး) လို့ လူတွေက ခေါ်ကြပါတယ်။ ငယ်ငယ်ကတည်းက အမေ မရှိတော့တဲ့သူဟာ မြို့ရဲ့ ခေါင်းဆောင်စုံထောက်ဖြစ်တဲ့ အဖေဖြစ်သူ၊ ပြီးတော့ တုံးဂယ်လို့ခေါ်တဲ့ ခွေးလေးတစ်ကောင်နဲ့အတူတူ ကြီးပြင်းလာခဲ့ပါတယ်။ တစ်နေ့မှာ သူ့ခွေးကို သူ့အထက်တန်းကျောင်း ဘောလုံးအသင်းက လူတွေ ခိုးယူပြီး စားသွားတာကြောင့် ချောမင်ဟာ ပြန်လည် လက်စားချေဖို့လုပ်ခဲ့ပေမဲ့ အဖေ ဖြစ်သူရဲ့ တားဆီးမှုကြောင့် ရပ်တန့်လိုက်ရပါတယ်။ ကျောင်းကထွက်လိုက်ရပြီး နောက်ပိုင်းမှာတော့ MJK လို့ခေါ်တဲ့ အဖွဲ့တစ်ခုရဲ့ အဖွဲ့သားဖြစ်သွားပါတော့တယ်။ တစ်နေ့ သူ့သူငယ်ချင်း ဒယ်တော့ကို အိုဒုမန်ဘက်တော်သားတွေက ရိုက်နှက်လို့ အဖေဖြစ်သူကို အကူအညီတောင်းခဲ့ပေမဲ့ ဂရုစိုက်ချင်း မရှိခဲ့တာကြောင့် သူကိုယ်တိုင် ခေါင်းဆောင်ပြီး အိုဒုမန်ရဲ့ ဘက်တော်သားတွေကို ရင်ဆိုင်ခဲ့ရာကနေ ဦးဆောင်နေသူဟာ မိမိခွေးကို စားသွားတဲ့ ဂျင်မုဖြစ်နေကြောင်းကို သိရှိသွားပြီး လက်စားချေခဲ့ပေမဲ့ အဖမ်းခံလိုက်ရပါတော့တယ်။ နောက်ဆုံး ဂျင်မုနဲ့ ချောမင်ဟာ ဆုံးဖြတ်ချက်ချလို့ရတဲ့ တိုက်ပွဲကို ယှဥ်ပြိုင်ပြီးချိန်မှာတော့ ဂျင်မုပဲ အနိုင်ရမလား ချောမင်ပဲ နိုင်သွားမလားဆိုတာကို အက်ရှင်ဆန်ဆန်ပြကွက်တွေနဲ့အတူတူ ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦးနော်။ File Size - 835 MB/ 2.1 GB Quality - WEB-DL 1080p/ 720p Duration - 1h 42m Format - mp4 Genre - Drama Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း