ဇာတ်ကားများ ရွေးရန်

Run

2025ဇာတ်ကားအမှတ် 5.5/10

Run (2025) +++++ ဒါရိုက်တာ Uwe Boll ရိုက်ကူးထားတဲ့ Run (2025) ဟာ လက်ရှိကမ္ဘာကြီးရဲ့ အကြီးမားဆုံးသော လူမှုရေး ပြဿနာတစ်ရပ်ဖြစ်တဲ့ ရွှေ့ပြောင်းအခြေချသူများ အရေးအခင်းကို တိုက်ရိုက်ပုံဖော်ထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ မြေထဲပင်လယ်ကို အသက်စွန့်ပြီး ဖြတ်သန်းလာခဲ့ကြတဲ့ အာဖရိကမှ ရွှေ့ပြောင်းလာသူများ အဖွဲ့တစ်ဖွဲ့ဟာ အီတလီကမ်းခြေမြို့ငယ်လေး တစ်ခုဆီကို ရုတ်တရက် ရောက်ရှိလာခဲ့ပါတယ်။ သူတို့ရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်ရမယ့် ခရီးသစ်ဟာ စတင်ခဲ့ပါပြီ။ ဒီရွှေ့ပြောင်းလာမှုကြောင့် အပန်းဖြေနေတဲ့ ဧည့်သည်တွေနဲ့ သာမန်ဒေသခံတွေရဲ့ ငြိမ်းချမ်းနေတဲ့ဘဝတွေဟာ ချက်ချင်းဆိုသလို စိန်ခေါ်မှုများနဲ့ ရှုပ်ထွေးမှုတွေထဲကို ကျရောက်သွားပါတယ်။ ရုပ်ရှင်ဟာ ဒိအခြေအနေကို ကိုင်တွယ်ဖို့ ကြိုးစားနေရတဲ့ ရဲအရာရှိ‌တွေ၊ ကြီးမားလှတဲ့ ဗျူရိုကရေစီ ယန္တရားကြီးရဲ့ အချည်းနှီးဖြစ်မှုတွေ အစိုးရစနစ်ထဲက အဂတိလိုက်စားမှု‌တွေနဲ့ ရွှေ့ပြောင်းသူတွေကို ကိုယ်တိုင် လက်တုံ့ပြန်ဖို့ ကြိုးစားလာကြတဲ့ အစွန်းရောက် ပုဂ္ဂိုလ်များအပါအဝင် ဇာတ်ကောင်စုံရဲ့ အမြင်တွေကနေ ပုံဖော်ပြသထားပါတယ်။ File Size… (1.86GB) / (1.04GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 37m Genre … Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း