ဇာတ်ကားများ ရွေးရန်

The Jade Goddess of the Supreme Emei

2018ဇာတ်ကားအမှတ် 5.5/1093 မိနစ်

တရုတ်သိုင်းလောက ရုပ်ရှင်တွေကို ကြည့်နေကျ ပရိသတ်တွေအနေနဲ့ အော်မေဂိုဏ်းကို ရင်းနှီးပြီးသား ဖြစ်မှာပါ။ အခုဒီရုပ်ရှင်ကတော့ အော်မေဂိုဏ်းက ဆရာတူညီအစ်မ ၇ ဦးကြားက အချစ်၊ အမုန်း၊ ရန်ငြိုး၊ သံယောဇဉ်တွေကို ရိုက်ကူးဖော်ပြထားတာ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့- ဝူမေဆရာသခင်မ၊ ကျိ့ရှန့်ဆရာတော်၊ ပိုင်မေရသေ့၊ လီပါးရှန်၊ ဖုန်တောက်တယ်နဲ့ မြောင်ရှန်တို့ဟာ ဆရာတစ်ဦးတည်းဆီမှ ဆင်းသက်လာပေမဲ့ သိုင်းပညာအပေါ် အမြင်မတူညီကြတဲ့အတွက် ကိုယ်စီဂိုဏ်းတွေ တည်ထောင်ခဲ့ကြပါတယ် ဝူမေဆရာသခင်မဟာ မတော်တဆ "စက်ရုပ်ဆရာ၏ အတတ်ပညာ" လို့ခေါ်တဲ့ တားမြစ်ထားတဲ့ လျှို့ဝှက်သိုင်းကျမ်းကို ရရှိခဲ့ပါတယ် အဲဒီပညာကို တတ်မြောက်သူဟာ ရှေး၊ ယခု၊ အသက်ရှင်သူ သို့မဟုတ် သေဆုံးပြီးသူအားလုံးကို အဝေးကနေ စက်ရုပ်လို ထိန်းချုပ်နိုင်ပါတယ် အဲဒီအချိန်မှာ ချန်လုန်မင်းကြီးရဲ့ တူတော် ယုံခွန်းဟာ သိုင်းလောကမှ နာမည်ကြီးသိုင်းပညာရှင်တွေကို သတ်ဖြတ်ပြီး သူတို့ရဲ့ သိုင်းပညာအစွမ်းတွေကို စုဆောင်းရန် ကြံစည်နေပါတယ်။ အဲဒါကြောင့် သူက စွန်းကျစ်ယိဆိုတဲ့ အမည်အတုနဲ့ အော်မေဂိုဏ်းကို တိတ်တဆိတ် ဝင်ရောက်ခဲ့ပါတယ်။ တိုက်ဆိုင်စွာ အော်မေးဂိုဏ်းမှာ ကပ်ရောဂါဘေး ကျရောက်နေပြီး ဆေးပညာကျွမ်းကျင်တဲ့ ပိုင်ယွမ်မင်က အကူအညီပေးဖို့ ရောက်လာခဲ့ပါတယ်။ အဲဒီမှာ သူက လီအာဟွမ်ဦးဆောင်တဲ့ အော်မေးဂိုဏ်းတပည့်တွေနဲ့ အရှုပ်အထွေးတွေ ဖြစ်ပွားခဲ့ပြီး သိုင်းလောကရဲ့ ပဋိပက္ခတွေထဲမှာ မမျှော်လင့်ဘဲ ပါဝင်ပတ်သက်သွားခဲ့ပါတယ် ပိုင်ယွမ်မင်တစ်ယောက် အထင်လွဲခံရတာကို ပြန်လည်ဖြေရှင်းနိုင်မလား...... အော်မေဂိုဏ်းက ညီအစ်မတွေရော သွေးခွဲသူရဲ့ အန္တရာယ်ကို ကျော်ဖြတ်နိုင်မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် Filesize : 1.27 GB / 742 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း