ဇာတ်ကားများ ရွေးရန်

Violent Ends

2025ဇာတ်ကားအမှတ် 6.8/10112 မိနစ်4K

Violent Ends (2025) IMDb Rating (6.0) / Rotten Tomatoes (69%) ဒီတစ်ခါမှာတော့ Crime Drama ကား ကောင်းကောင်းလေးတစ်ကားဖြစ်တဲ့ Violent Ends ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ MC ကရိုးရိုးသားသား အေးအေးဆေးဆေး နေချင်တဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့ ကံဆိုးချင်တော့ သူ့မိသားစုက သာမန်မိသားစုမဟုတ်ဘဲ အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေနဲ့ပဲ အသက်ရှင်ရပ်တည်နေတဲ့ Crime Family ကြီးဖြစ်နေတာပါပဲ။ "အကြမ်းဖက်မှုဆိုတာ သူတို့ရဲ့ တစ်ခုတည်းသော အမွေအနှစ်" ဆိုတဲ့အတိုင်း ဒီလို အမွေဆိုးတွေရှိနေတဲ့ မိသားစုအသိုင်းအဝိုင်းကြားထဲမှာ ရိုးရိုးသားသားနေချင်တဲ့ လူတစ်ယောက် ဘယ်လိုရုန်းကန်မလဲ၊ မိသားစုရဲ့ သံသရာထဲကိုပဲ ပြန်ရောက်သွားမလားဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့်ကားပါ။ Ratings တွေအနေနဲ့ IMDb မှာ 6/10 နဲ့ Rotten Tomatoes မှာ 68% ရထားတဲ့အတွက် အရမ်းကြီး Excellent ဖြစ်နေတာမျိုးမဟုတ်ပေမယ့် Crime Drama ကြိုက်သူတွေအဖို့တော့ တော်တော်လေး ကြည့်လို့ကောင်းမယ့် အနေအထားပါပဲ။ Director John-Michael Powell ရိုက်ကူးထားပြီး Action အကြမ်းပတမ်းတွေထက် ဇာတ်အိမ်နဲ့ စိတ်ခံစားချက်ကို ပိုဦးစားပေးထားတဲ့ ပုံစံမျိုးပါ။ File size… (7.5 GB) / (2.1 GB) / (1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:52:35 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း