ဇာတ်ကားများ ရွေးရန်

Urban Justice

2007ဇာတ်ကားအမှတ် 5.1/1096 မိနစ်

ဒီဇာတ်ကားကတော့နာမည်ကျော်အက်ရှင်မင်းသားကြီး စတီဗင်ဆီးဂါလ်(Steven Seagal)ပါဝင်ထားတဲ့ဇတ်ကားပါ။ Eddie Griffin Carmen Serano နဲ့အခြားဇာတ်ရံတွေအများကြီး အားဖြည့်ပါဝင်ထားကြပါတယ်။ဒါရိုက်တာက Don E. FauntLeRoy ပါ။ သရုပ်ဆောင်ညံ့တယ်လို့ဝေဖန်ကြပေမဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။တေးဂီတလည်းမဆိုးပါဘူး။ကိုယ့်သားကိုသတ်သွားတဲ့သူကိုမရမကလိုက်လက်စားချေတဲ့ အဖေတစ်ယောက်ရဲ့အန္တရာယ်တွေကိုမမှုပဲစိတ်ပိုင်းဖြတ်ထားတာကတော့သဘောကျစရာပါပဲ။ ဇာတ်လမ်းအကျဥ်း လူလေးစားခံရပြီးတာဝန်သိတဲ့ရဲအရာရှိမက်စ်ဘောလစ်စတာဟာတာဝန်ထမ်းဆောင်ရင်းလော့အိန်ဂျယ်လိစ်မြို့(L.A)လမ်းတစ်လမ်းပေါ်မှာပစ်သတ်ခံလိုက်ရပါတယ်။လူဆိုးဂိုဏ်းတွေအချင်းချင်း ပစ်ခတ်မှုတွေဖြစ်နေတဲ့ L.Aမှာ မက်စ်ကိုသတ်သွားတဲ့တရားခံကိုရှာတွေ့ဖို့ကမလွယ်ဘူးလို့ သူ့အမှုကိုတာဝန်ယူထားတဲ့စုံထောက်ရှောကပြောပါတယ်။မက်စ်ရဲ့အဖေ ဆိုင်မွန်ဘောလစ်စတာကတော့ဒါကိုလက်မခံဘဲသူ့နည်းသူ့ဟန်နဲ့စုံစမ်းပြီး လူသတ်သမားကိုလိုက်ရှာပါတယ်။ သူ့သားသတ်ခံရတဲ့နေရာနားမှာ အခန်းငှားနေပြီးစုံစမ်းပါတော့တယ်။မက်စ်ရဲ့သတင်းပေးဂယ်ရီမောရစ်ဆင်ဆိုတဲ့လူမည်းကောင်လေးရောက်လာပြီး အခြေအနေတစ်ချို့ကိုပြောပြပေးပါတယ်။စုံစမ်းရင်း၊လိုက်ရင်းနဲ့ ရေလိုက်လွဲနေတာနဲ့ သဲလွန်စအသစ်တွေကိုသိလာပါတယ်။ ဆိုင်မွန်ရဲ့နောက်ကြောင်းကို တိတိပပမသိရပေမဲ့ ထိပ်ထိပ်ကြဲတိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ပြီး ဂိုဏ်းတွေကြားထဲလာကျယ်ရဲသလိုတစ်ဖက်ကလည်းဆိုင်မွန့်ကိုလက်စဖျောက်ဖို့အသည်းအသန်ကြိုးစားလာပါတယ်။ သစ္စာဖောက်တာတွေ လူလည်ကျတာတွေ မူးယစ်ဆေးရောင်းဝယ်တာတွေနဲ့အညှာအတာမရှိသတ်ဖြတ်တာတွေကြားထဲကနေပဲသူ့သားကိုသတ်သွားတဲ့သူကိုဆိုင်မွန်သိသွားတဲ့အခါ မထင်ထားတဲ့သူဖြစ်နေပြီး သူဘယ်လိုလက်စားချေမယ်ဆိုတာဆက်ကြည့်ကြပါ။ သေနတ်ပစ်ကားတွေသိပ်မကြိုက်တဲ့ကိုယ်တောင်ကြည့်ကောင်းသားပဲလို့မှတ်ချက်ချမိပါတယ်။သူ့သားနဲ့ပတ်သက်ပြီးဆိုင်မွန်ပြောတဲ့စကားလေးတွေကလည်းကဗျာဆန်ပြီး တကယ်ဟတ်ထိပါတယ်။တွေးစရာတွေလည်းရပါတယ်၊ဘာဟတ်ထိလဲသိရအောင် ကြည့်ကြည့်လိုက်ပါ။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း