ဇာတ်ကားများ ရွေးရန်

Wildcat

2025ဇာတ်ကားအမှတ် 7.5/1099 မိနစ်

Wildcat (2025) Underworld မင်းသမီးရဲ့ အက်ရှင်ကားသစ်လေး ရပါပြီ။ လန်ဒန်မြို့ရဲ့ ဒုစရိုက်လောကဖြစ်တဲ့ အရှေ့လန်ဒန်တစ်ခြမ်းလုံးကို ဂိုဏ်းခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ မစ္စတာ မာဟိုနီနဲ့ မစ္စဗိုင်းစ်တို့က ဂိုဏ်းအသီသီး ကြိုးကိုင်ထားတာဖြစ်ပါတယ်။ ဒီဒုစရိုက်လောကဟာ ဘယ်လောက်ကြီးမားကျယ်ပြန့်လဲဆိုရင် အရာပိုင်တွေတောင် မထိန်းချုပ်နိုင်ဘဲ လွှတ်ထားရလောက်တဲ့အထိ ဖြစ်နေခဲ့တာပါ။ ဒီအချိန်မှာ မူရှကာဆိုတဲ့ တက်သစ်စ ဂိုဏ်းငယ်လေးတစ်ခုက တဖြည်းဖြည်းလူအင်အားများလာပြီး ဂိုဏ်းကြီးနှစ်ခုကို အုတ်အော်သောင်းနင်းဖြစ်အောင် လုပ်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ချိန်တုန်းက အထူးတပ်ဖွဲ့ဝင်ဖြစ်ခဲ့ကြတဲ့ ကြောင်ရိုင်းလို့အမည်ရတဲ့ အေဒါနဲ့ ရိုမန်တို့က ဒီဒုစရိုက်လောကကြားထဲဝင်လာခဲ့ပါတယ်။ အေဒါနဲ့ရိုမန်တို့က တစ်ချိန်တုန်းက အရမ်းချစ်ကြိုက်ခဲ့ကြတာပါ။ ဒါပေမဲ့ ဘဝခံယူချက်မတိုက်ဆိုင်တဲ့အချိန် လမ်းခွဲရပြီးနောက်မှာ အေဒါဟာ သူ့မောင်ရဲ့အမှားကြောင့် အကြပ်ကိုင်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ အကြွေးဝိုင်းလာခဲ့တဲ့အချိန်မှာ အေဒါတစ်ယောက် မာဟိုနီနဲ့ ဗိုင်းစ်တို့ရဲ့ ဂိုဏ်းကြီးနှစ်ခုဆီကနေ ငွေခဝါချရင်း တစ်ပတ်ရိုက်ဖို့လုပ်ပုံကို ဒီဇာတ်ကားထဲမှာ အက်ရှင်ဆန်ဆန် ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ File size… (1.6 GB) / (800 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Thriller Duration…. 01:40:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း