Desert Monster
အေးအေးချမ်းချမ်း နေလာကြတဲ့ သဲကန္တာရထဲက ကျေးရွာလေးတစ်ရွာဆီ ဗီဇပြောင်းသားရဲတွေ ရောက်လာရာက ဇာတ်လမ်းစပါတယ်။ ရွာမှာ နေသူအများစုက မုဆိုးအလုပ်နဲ့ အသက်မွေးကြသူတွေပါ။ သားရဲတွေ ရောက်လာတဲ့နောက် ရွာသူရွာသားတွေ ထူးဆန်းတဲ့ ရောဂါတစ်မျိုး ခံစားလာရပြီး တစ်ယောက်ပြီးတစ်ယောက် အသက်ဆုံးရှုံးလာကြတယ်။ အဲဒီအခါ ယင်းဇီဆိုတဲ့ မိန်းမပျိုလေးက မုဆိုးအပေါင်းအပါတွေနဲ့အတူ ရွာကိုကယ်ဖို့ မူလဗီဇပြောင်းဖြေဆေးရည် ရှာပုံတော်ထွက်လာပါတယ်။ ဒါပေမယ့် လိုချင်တဲ့ ဖြေဆေးရည်ကို ရဖို့ဆိုရင် ဗီဇပြောင်းသားရဲတွေရဲ့ ခေါင်းဆောင် မိခင်သားရဲကြီးကို ဖမ်းရမယ့် အခြေအနေနဲ့ ကြုံလာရတယ်။ အသံကြားနိုင်စွမ်းနဲ့ အနံ့ခံနိုင်စွမ်း ကောင်းလှတဲ့ သားရဲတွေကို သူတို့အဖွဲ့ ရင်ဆိုင်နိုင်ပါ့မလား၊ ရောဂါဘေးကျနေတဲ့ ရွာကိုရော ကယ်တင်နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း