ဇာတ်ကားများ ရွေးရန်

Give Me Back My Daughter

2025ဇာတ်ကားအမှတ် 10.0/1090 မိနစ်

Give Me Back My Daughter (2025) Single Mother တစ်ယောက်ဖြစ်တဲ့ ရီနေးဂျွန်ဆင်ဟာ သမီးလေးကို တစ်ယောက်ထဲ ပြုစုပျိုးထောင်ရင်း တစ်နေ့မှာ ကုမ္ပဏီရဲ့ လူလျှော့ချတဲ့စာရင်းထဲ ပါသွားပြီအလုပ်ပြုတ်သွားပါတယ်။ အလုပ် အသစ် ထပ်ရှာနေရင်းနဲ့ ဘယ်အလုပ်ကမှ အဆင်ပြေပြေ မခန့်ချင်ကြပါဘူး။ ဒီလိုနဲ့ အစိုးရက ပေးထားတဲ့ တိုက်ခန်းလေးကိုလည်း ပြန်အပ်လိုက်ရပါတယ်။ သားအမိနှစ်ယောက် အိမ်ခြေရာမဲ့ ဖြစ်သွားပြီး ကားထဲမှာနေ ကားထဲမှာအိပ်ရပါတော့တယ်။ ရီနေးတစ်ယောက် ဆက်တိုက် အလုပ်တွေ လျှောက်နေခဲ့ပေမယ့် ဘယ်အလုပ်ကမှ ခန့်တယ်လို့ မရှိပါဘူး။ တစ်ညမှာတော့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတစ်ခုက ဆက်သွယ်လာပြီး အင်တာဗျူးချင်ကြောင်း ပြောပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အင်တာဗျူးအချိန်နား ကပ်နေမှ သမီးဖြစ်သူကို ကျောင်းက ပြန်ပို့တဲ့အတွက် သွားကြိုရပါတော့တယ်။ သမီးကိုကြည့်ပေးမယ့်သူကို ဖုန်းဆက်အကြောင်းကြားပေမယ့် သွားတဲ့အခါမှာ တံခါးဖွင့်မပေးတဲ့အတွက် ရီနေးတစ်ယောက် သူ့သမီးလေး အီမန်နီကို အင်တာဗျူး လုပ်မယ့် ကုမ္ပဏီကို ခေါ်သွားရပါတော့တယ်။ တစ်ခါ သူ့အင်တာဗျူးကို ကလေးခေါ်လာတဲ့အတွက် ကုမ္ပဏီအကြီးအကဲက ဆူငေါက်တာ ခံရဖူးတဲ့ ရီနေးဟာ ကြံရာမရတဲ့အဆုံး သမီးဖြစ်သူကို ကားတံခါးပိတ်ပြီး ကားထဲမှာ ထားခဲ့လိုက်ပါတယ်။ အင်တာဗျူးကလည်း ထင်ထားတာထက် ပိုကြာသွားပေမယ့် အလုပ် ရသွားတဲ့ ရီနေးဟာ ပျော်ပျော်ကြီး ကားဆီလာခဲ့ပေမယ့် သူထင်မထားတဲ့ မြင်ကွင်းကြောင့် အရမ်းလန့်သွားခဲ့ပါတယ်။ အဲ့ဒါကတော့ ကားထဲမှာ တစ်ယောက်ထဲရှိနေတဲ့ အီမန်နီကို ဘေးပတ်ဝန်းကျင်က သတိပြုမိပြီး ရဲတိုင်လိုက်တဲ့အတွက် ရဲက လာကယ်ပြီး ခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ရီနေးရဲ့ ပေါ့ဆမှုအတွက် အီမန်နီကို နိုင်ငံတော်ရဲ့ အုပ်ထိန်းခွင့်အောက်မှာပဲ ထားရှိပြီး ရီနေးဟာ သူ့သမီးကိုပြန်ခေါ်ဖို့ အလုပ်လည်း ရှာပြီး အိမ်ခန်းလည်း ပြန်ရအောင် ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ File size… (1.8 GB) / (660 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:30:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း