Animal Kingdom
ဂျေဟာ အမေနဲ့ နှစ်ယောက်တည်း နေလာခဲ့တဲ့ အသက်မပြည့်သေးသူ ကောင်လေးတစ်ယောက်ပါ။ အမေက ဆေးလွန်ပြီး ဆုံးသွားတဲ့အခါ အဖွားနဲ့ ဦးလေးတွေဆီ ပြောင်းနေရဖို့ ဖြစ်လာပါတယ်။ သူမသိထားတာက သူနေထိုင်ရတော့မယ့် မိသားစုဝင်တွေဟာ ဒုစရိုက်မှုတွေ ကျူးလွန်နေကြသူတွေဆိုတာပါပဲ။ သူတို့ဟာ ပြစ်မှုတွေ ကျူးလွန်နေသလို တစ်ချိန်လုံးလည်း ကြောက်လန့်နေကြသူတွေပါ။ ဒီလိုပတ်ဝန်းကျင်အသစ်ထဲ ရောက်လာတဲ့ ဂျေ ဘာတွေကြုံရမလဲ၊ ပတ်ဝန်းကျင်က လူတစ်ယောက်အပေါ် ဘယ်လောက်အထိ လွှမ်းမိုးနိုင်သလဲဆိုတာကို ရာဇဝတ်မှုနောက်ခံ ဒရာမာအဖြစ် ပြထားပါတယ်။ ဒီရုပ်ရှင်ဟာ အော်စကာဆုတစ်ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး အခြားဆု ၃၉ ဆုလည်း ရရှိထားပါတယ်။
ဇာတ်လမ်းအကြောင်း