ဇာတ်ကားများ ရွေးရန်

Sarah's Oil

2025ဇာတ်ကားအမှတ် 6.8/10103 မိနစ်

Sarah's Oil (2025) ++++++++ IMDb Rating (6.8)/ Rotten Tomatoes (83%) ဒီဇာတ်ကားလေးကတော့ အနောက်တိုင်း ၁၉ ရာစု လူဖြူ လူမဲ ခွဲခြားဆက်ဆံကြတဲ့ကာလမှာ လူမဲကလေးမလေးတစ်ယောက် ရေနံကြောတွေ့ပြီး သန်းကြွယ်သူဌေးမလေးဖြစ်လာတဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++ ဆာရာ ရတ်တာဟာ ၁၉၀၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အတွက်အချက်တော်ပြီး ဉာဏ်ကောင်းတဲ့ လူမဲကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ခရိဖရီးမန်းဆိုတဲ့ လွတ်လပ်ခွင့်ရခဲ့တဲ့လူမဲလူမျိုးစုရဲ့ မျိုးဆက်ဖြစ်တာကြောင့် ၁၉၀၇ ခုနှစ်မှာ ဖယ်ဒရယ်အစိုးရရဲ့ ဥပဒေပြဌာန်းချက်အရ ဧက ၁၆၀ ကျယ်ဝန်းတဲ့ မြေကွက်ကြီးတစ်ခုကို မြေစာချုပ် အခိုင်အမာနဲ့တကွ ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုနဲ့ သူမရဲ့မြေနဲ့ သိပ်မဝေးတဲ့မြေကွက်တစ်ခုမှာ ရေနံကြောတွေ့သွားတာကို သိလိုက်ရတဲ့အတွက် သူမနဲ့ သူမရဲ့အဖေဟာ ရေနံကုမ္မဏီတွေကို တစ်ခုဝင် တစ်ခုထွက် လိုက်မေးပြီး သူတို့မြေပေါ်မှာ ရေနံတူးကြည့်ဖို့ လိုက်ကမ်းလှမ်းပါတော့တယ်။ ဒီလိုကနေ ပန် အိုကလာဟိုးမား ရေနံကုမ္မဏီက သူတို့သားအဖရဲ့ အဆိုပြုချက်ကို လက်ခံလိုက်ပြီး ရေနံရှိ/မရှိ စမ်းတူးဖို့ ၆ လ မြေအငှားစာချုပ်ချုပ်ပါတော့တယ်။ အချိန်တစ်ခုအကြာမှာတော့ ဒီရေနံကုမ္မဏီက ရွှဲကုန်သည်အထာနဲ့ ရေနံမရှိဘူးလို့ ရွှီးပြီး နောက်မှပြန်ဝယ်မယ်ဆိုတဲ့ အကြံနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပါတော့တယ်။ ဒီလိုကနေ ဆာရာလေးက ဘားထရန့် စမစ်ဆိုတဲ့ ရေနံရှာသမားနဲ့ ကံကောင်းထောက်မစွာ ကြုံကြိုက်ပြီး ကိုယ်ထူကိုယ်ထ ဆက်တူးကြဖို့ ကြိုးစားရာကနေ ဇာတ်ရှိန်ကို ပျိုးထားပါတယ်။ ဒီတော့ ဆာရာဆိုတဲ့ ကလေးမလေးတစ်ယောက် အခက်အခဲပေါင်းများစွာကို ဘယ်လိုကျော်ဖြတ်ပြီး ရေနံတူးကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်စရာ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File Size… (1.91GB) / (895MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 43m Genre … Biograpy , Drama , History Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း