ဇာတ်ကားများ ရွေးရန်

Believe: The Ultimate Battle

2025ဇာတ်ကားအမှတ် 5.5/10112 မိနစ်

Believe: The Ultimate Battle (2025) ++++++++++++++ အာဂုစ်ဟာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ဖခင်၊ စစ်ပွဲ အစရှိတဲ့အရာတွေကို နားမလည်နိုင်ပဲ တစ်သက်လုံးကြီးပြင်းလာရသူပါ။ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူ ခံစားခဲ့ရတဲ့ ဒုက္ခတွေ သောကတွေ ဝေဒနာတွေကို အနီးကပ်တွေ့မြင်လာရပြီး ဖခင်ဖြစ်သူရဲ့လုပ်ရပ်တွေကို သဘောမပေါက်နိုင်ခြင်းက တစ်ဖက်၊ အရွဲ့တိုက်လိုခြင်းတွေက တစ်ဖက်နဲ့လူပေလူတေလေးအဖြစ်အရွယ်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေအားလုံးဟာ သူ့ဖခင် သေဆုံးသွားချိန်မှာတော့ ပြောင်းလဲသွားခဲ့ပြီး အဖေ့အတွေးအခေါ်ခံစားချက်တွေ အိမ်မက်တွေကို လက်တွေ့ကျကျသဘောပေါက်နားလည်နိုင်ဖို့ အဖေ့ခြေရာနင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီဇာတ်ကားမှာတော့ အာဂုစ်ရဲ့ခရီးစဉ်တစ်လျှောက်ကို အနီးကပ်တွေ့မြင်ရမှာဖြစ်ပါတယ်။ ဇာတ်ကားကို အင်ဒိုနီးရှားစစ်တပ်ရဲ့နောက်ခံသမိုင်းကြောင်းနဲ့ဆက်စပ်တင်ပြထားပြီး ၁၉၇၅ နဲ့ ၁၉၉၆ ကဖြစ်ရပ်တွေကို နောက်ခံထားပါတယ်။ ဘတ်ဂျက်ကိုကောင်းကောင်းသုံးထားပြီး Production Design အမိုက်စားတွေ၊ ခမ်းနားလှပတဲ့တိုက်ပွဲခန်းတွေကို ကျွမ်းကျင်သူတွေရဲ့အကူအညီနဲ့ဖန်တီးထားတာကိုရှုစားရပါလိမ့်မယ်။ File Size… (1.83GB) / (1.03GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 52m Genre … Action , Drama , History , War Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း