Trapped in the Rocky Mountains
Trapped in the Rocky Mountains (2025) ဒါကတော့ ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Thriller ရုပ်ရှင် တစ်ခု ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခု ကြာပြီးမှ ကောလိပ်သူငယ်ချင်းတွေ ပြန်ဆုံတယ် ဆိုတာ တကယ်တော့ ဝမ်းသာစရာ ကိစ္စ တစ်ခုပါ။ ဒီရုပ်ရှင်မှာလည်း ကောလိပ်တုန်းက သူငယ်ချင်းတွေဟာ အကြောင်းအရင်း ကိုယ်စီနဲ့ တောင်တန်းတွေကြားက အပန်းဖြေစခန်းတစ်ခုမှာ ပြန်ဆုံဖြစ်ကြပါတယ်။ ဒါပေမဲ့ ကောလိပ်ကျောင်းတုန်းက သူတို့လုပ်ခဲ့တဲ့ ကိစ္စတစ်ခုကြောင့် သူတို့ရဲ့ တွေ့ဆုံမှုဟာ သာမန်တိုက်ဆိုင်မှု တစ်ခု မဟုတ်မှန်း ရိပ်စားလာမိကြပါတယ်။ သူငယ်ချင်းတွေကြားမှာလည်း ကိုယ်စီလျှိူ့ဝှက်ချက်တွေ ရှိနေခဲ့ပြီး ဇာတ်လမ်းတစ်လျှောက် လျှို့ဝှက်ချက်တွေ တစ်ခုပြီး တစ်ခု ပေါ်လာချိန်မှာတော့ သူတို့အားလုံးကို တစ်နေရာတည်း ရောက်လာအောင် တစ်ယောက်ယောက်က မျှားခေါ်ခဲ့မှန်း သူတို့တွေ ရိပ်စားမိလာပါတယ်။ ဒါ့အပြင် သူတို့ကြားမှာလည်း သူတို့ကို လုပ်ကြံဖို့ ကြိုးစားနေတဲ့လူ တစ်ယောက် ရှိနေတာကြောင့် သူတို့ချင်းလည်းသံသယတွေဝင်ပြီး တရားခံကို လိုက်ရှာရပါတော့တယ်။ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်နေတဲ့ နေရာတစ်ခုမှာ လျှို့ဝှက်ချက်ကိုယ်စီနဲ့ သူငယ်ချင်းတွေ ပြန်ဆုံကြချိန်မှာတော့ သူတို့အားလုံး လုပ်ခဲ့တဲ့ ကိစ္စတစ်ခုက အတိတ်မှာ ကျန်မနေခဲ့ဘဲ သူတို့နောက် လိုက်လာတာကို သိလိုက်ရတာကြောင့် စိုးရိမ်ထိတ်လန့်မှု ကိုယ်စီနဲ့ တောင်တန်းတွေကြားက ပိတ်ရက်ကာလကို ဖြတ်သန်းရပါတော့တယ်။ သူတို့ ဘယ်လိုကိစ္စကို လုပ်ခဲ့တာလဲ။ သူတို့အားလုံးမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေပြီး ဘယ်သူက လက်သည်ဖြစ်နေမလဲ ဆိုတာကတော့.. File size… (1.2 GB) / (590 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:28:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း