ဇာတ်ကားများ ရွေးရန်

Blast

2022ဇာတ်ကားအမှတ် 6.9/1090 မိနစ်

ဆိုနီယာက အလုပ်ကိုပဲ အာရုံစိုက်တတ်တဲ့ ဗုံးရှင်းလင်းရေးကျွမ်းကျင်သူတစ်ယောက်ပါ။ ပြင်သစ်အခြေစိုက် ဒီမင်တာ မိုင်းရှင်းလင်းရေးလုပ်ငန်းမှာ ဖရက်နဲ့ အတူအလုပ်လုပ်ရင်း ချစ်သူတွေ ဖြစ်လာခဲ့ကြတယ်။ ဆိုနီယာက အလုပ်ကို ဦးစားပေးလွန်းပေမယ့် သူတို့နှစ်ယောက်ကြား အပေးအယူမျှကြပြီး အရင်လက်တွဲဖော်တွေနဲ့ ရထားတဲ့ ကိုယ်စီသားသမီးတွေနဲ့အတူ မိသားစုတစ်ခုလို နေထိုင်နေကြပါတယ်။ တစ်နေ့မှာတော့ ဒီမင်တာကုမ္ပဏီအပေါ် ရန်ကြွေးရှိသူတစ်ယောက်က လက်စားချေဖို့ ဆိုနီယာရဲ့ကားမှာ ဗုံးထောင်လိုက်တယ်။ ဆိုနီယာနဲ့ ကလေးနှစ်ယောက်ဟာ ကားထဲက ထွက်လို့မရတော့ဘဲ ပိတ်မိသွားကြပါတယ်။ သူတို့အဖွဲ့သားတွေ ဗုံးဖြုတ်နိုင်ဖို့ အပူတပြင်း ကြိုးစားနေချိန်မှာပဲ ဒီဖြစ်ရပ်ဟာ ယူကရိန်းမှာ ဒီမင်တာကုမ္ပဏီ လုပ်ဆောင်ခဲ့ဖူးတဲ့ မစ်ရှင်ဟောင်းတစ်ခုနဲ့ ပတ်သက်နေနိုင်ကြောင်း သိလာကြတယ်။ အဲဒီကနေ ကုမ္ပဏီတွင်း ခြစားမှုတွေ တဖြည်းဖြည်း ပေါ်လာပြီး အဖွဲ့သားအချင်းချင်းကြားမှာပါ အကြိတ်အခဲတွေ ဖြစ်လာပါတယ်။ ချိန်ကိုက်ဗုံးကိုလည်း တားဆီးဖို့ ခက်လာတာကြောင့် သူတို့ဘဝတွေကို တစ်သက်စာ သက်ရောက်စေနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချရတော့မယ့်အထိ အခြေအနေက ရောက်လာတယ်။ ပြင်သစ်က ဒီသည်းထိတ်ရင်ဖိုဇာတ်ကားဟာ ဘတ်ဂျက်အကြီးစား မဟုတ်ပေမယ့် ဗုံးရှင်းလင်းရေးနဲ့ အကြမ်းဖက်မှုဆိုင်ရာ မြင်ကွင်းတွေကို အများအားဖြင့် လက်တွေ့ဆန်ဆန် ပုံဖော်ထားပါတယ်။

ဇာတ်လမ်းအကြောင်း