ဇာတ်ကားများ ရွေးရန်

The Foreigner

2003ဇာတ်ကားအမှတ် 3.9/1095 မိနစ်

"The Foreigner" ဇာတ်ကားဟာ၂၀၀၃ ခုနှစ်မှာ Steven Seagal ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အမေရိကန် အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ် ဒီဇာတ်ကားကို စာရေးဆရာ Darren O Campbell ရေးသားခဲ့ပြီး ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ ဒါရိုက်တာ Michael Oblowutz ရိုက်ကူးခဲ့ကာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ရုံမတင်ဘဲ ဗီဒီယိုခွေအဖြစ် တိုက်ရိုက်ဖြန့်ချိခဲ့တဲ့ ဇာတ်ကားများစွာထဲကပထမဆုံးကားဖြစ်ပါတယ် ဒီဇာတ်ကားမှာ Jonathan "Jon" Cold ဟာ ယခင်က "The Foreigner" ခေါ် အဖွဲ့အစည်းတစ်ခုရဲ့မထင်မရှား လျှို့ဝှက်သူလျှိုအဖြစ် လုပ်ကိုင်ခဲ့ပြီး ခုတစ်ခါမှာ အန္တရာယ်များတဲ့ ပါဆယ်ထုပ်တွေကို သယ်ယူပို့ဆောင်ပေးလေ့ရှိတဲ့ အလွတ်လုပ်ငန်းရှင်တစ်ဦးအဖြစ် လုပ်ကိုင်နေတာပါ ဂျွန်ဟာ သူ့ဖခင်ရဲ့ဈာပနအတွက် ပြင်ဆင်နေချိန်မှာ Alexander Marquet က အလုပ်တစ်ခုကိုလုပ်ပေးဖို့ တောင်းဆိုလာလို့ မတတ်သာဘဲလက်ခံလိုက်ရတယ်သူ့ရဲ့တာဝန်မှာ ပြင်သစ်နိုင်ငံကလျှို့ဝှက်ဆန်းကြယ်တဲ့ပါဆယ်ထုပ်တစ်ခုကို ဂျာမနီနိုင်ငံကချမ်းသာကြွယ်ဝသူ တစ်ဦးဆီပို့ဆောင်ပေးဖို့ပါ ပါဆယ်ထုပ်ထဲမှာ မတော်တဆဖြစ်ပွားခဲ့တယ်လို့ သံသယရှိတဲ့ လေယာဉ်တစ်စင်းရဲ့ပျံသန်းမှုမှတ်တမ်းတင် ကိရိယာ (black box flight recorder) ပါဝင်နေပြီး အဲဒီပစ္စည်းကို လက်ခံရယူမယ့်သူက မကောင်းဆိုးရွားစက်မှုလုပ်ငန်းရှင် Jerome Van Aken ဖြစ်နေတယ် ဂျွန်ဂျာမနီကို ရောက်တဲ့အခါ သူလျှိုတွေနဲ့ လုပ်ကြံသတ်ဖြတ်သူတွေက သူ့နောက်ကို လိုက်နေကြောင်း သိခဲ့ရပြီး လုပ်ငန်းရှင်ရဲ့ ဇနီးဖြစ်သူ Meredith နဲ့ CIA အရာရှိ Jared Olyphant တို့ကလည်း ပါဆယ်ထုပ်ကို လက်ဝယ်ရရှိဖို့ ကြိုးစားနေကြတာကို ကြုံလိုက်ရတယ်အဲဒီလိုကနေ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ် File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း