Road House
ဒေါလ်တန်ဟာ လုံခြုံရေးအလုပ်မှာ အရည်အချင်းရှိသူတစ်ယောက်ဖြစ်လို့ မစ်ဆိုရီက ဒါဘယ်ဒုစ်ဆိုတဲ့ ဘားမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံရပါတယ်။ ဒီဘားက အရက်သမားတွေ၊ လူဆိုးတွေ ရမ်းကားနေတဲ့ နေရာတင်မကဘဲ မြို့ကို လက်ဝါးကြီးအုပ်ထားတဲ့ ဘရတ်ဝက်စ်လေနဲ့ သူ့လူတွေပါ ထင်သလို သောင်းကျန်းနေတဲ့နေရာ ဖြစ်နေတယ်။ ဒေါလ်တန်က သူတို့ကို ဘားထဲကနေ ရှင်းထုတ်လိုက်တဲ့အခါ ဘရတ်ကလည်း သူ့စီးပွားရေးကို ကာကွယ်ဖို့ နည်းမျိုးစုံနဲ့ ပြန်အနိုင်ကျင့်လာပါတယ်။ မြို့သားတွေကတော့ ဘရတ်ရဲ့အောက်မှာ နေရပြီး သူမထင်ရင် မထင်သလို နှိပ်စက်ခံနေရတာကြောင့် ပြန်မတော်လှန်ရဲကြဘူး။ အဲဒီအခြေအနေမှာ ဒေါလ်တန်တစ်ယောက်တည်း ဘရတ်ကို ရင်ဆိုင်ရတော့တယ်။ သူက ဘရတ်ကို အနိုင်ယူပြီး မြို့သားတွေကို ကယ်တင်နိုင်မလား၊ ဒါမှမဟုတ် ရှုံးနိမ့်ပြီး မြို့ကနေ ထွက်သွားရမလား။
ဇာတ်လမ်းအကြောင်း