ဇာတ်ကားများ ရွေးရန်

My Salinger Year

2020ဇာတ်ကားအမှတ် 6.3/10101 မိနစ်

My Salinger Year (2020) ဒီရုပ်ရှင်လေးကတော့ Devil wears Prada ကိုမှ စာရေးဆရာ version လို့ ပြောရမယ်ထင်ပါတယ်။ ဂျိုအန်နာ ရက်ကော့ဖ်ဟာ စာရေးဆရာမ / ကဗျာဆရာမ ဖြစ်ဖို့ အိပ်မက်မက်နေတဲ့ ဘာကလေသူလေးပါ။ တစ်ရက်မှာတော့ နယူးယောက်ကို ရောက်လာခဲ့ရင်းကနေ ဂျိုအန်နာတစ်ယောက် ဘာကလေကို မပြန်တော့ဘဲ နယူးယောက်မှာပဲ သူချစ်တဲ့ စာအုပ်တွေနဲ့ ပတ်သက်တဲ့ အလုပ်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ စာပေအေဂျင်စီတစ်ခုမှာ လက်ထောက်ရာထူးကို ရခဲ့ပါတယ်။ အစပိုင်းမှာတော့ ဂွကျကျ သူဌေး ၊ စည်းကမ်းကြီးပြီး ရှေးရိုးစွဲတဲ့ အလုပ်ခွင် နဲ့ ဂျေဒီ ဆာလင်ဂျာ လို့ခေါ်တဲ့ ပဟေဠိဆန်တဲ့ စာရေးဆရာတို့ကြားမှာ ဂျိုအန်နာရဲ့ ဘဝလည်း အလိုက်သင့် မျောပါခဲ့ရပါတယ်။ နယူးယောက်မှာ အခြေကျလာတဲ့ ဂျိုအန်နာဟာ ဒွန် လို့ ခေါ်တဲ့ ဝါသနာတူ တက်သစ်စ စာရေးဆရာ ချစ်သူလည်း ရခဲ့ပါတော့တယ် ။ စာပေအေဂျင်စီမှာ ဂျိုအန်နာ လုပ်ရတဲ့အလုပ်ကတော့ ဂျေဒီဆာလင်ဂျာဆီ ရောက်လာတဲ့ fan letter တွေကို ပုံစံခွက်အတိုင်း စာပြန်ပေးရတာပါ ။ ဒီလိုကနေ ကိုယ်ချင်းစာစိတ်တွေ ရောယှက်လာတဲ့ ဂျိုအန်နာက တစ်ရက်မှာတော့ ပုံစံခွက်အတိုင်း မဟုတ်ဘဲ သူ့စိတ်ရင်းတွေနဲ့ စာပြန်ပေးလိုက်မိပါတော့တယ် ။ ဒီလိုကနေ သူ့အလုပ်ခွင်မှာ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမလဲ ။ ဂျေဒီဆာလင်ဂျာကရော တကယ်ပဲ လူတောမတိုးတဲ့ ခပ်ဆိုးဆိုးစာရေးဆရာမျိူးလား ။ ဂွကျကျ ဘော့စ်ရဲ့ နောက်ကွယ်မှာရော ဘယ်လို ရင်ထဲထိစရာတွေ ရှိနေမလဲဆိုတာကိုတော့ My Salinger Years ရုပ်ရှင်မှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ ။ File Size - 958 MB/ 1.91 GB Quality - BluRay 1080p/ 720p Duration - 1h 41m Format - mp4 Genre - Drama Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း