Santaman
ခရစ္စမတ်နေ့မှာ လက်ဆောင်တွေ လိုက်ပို့နေတဲ့ ဆန်တာကလော့စ်တစ်ယောက် သူခိုးတွေရဲ့ လက်ဆောင်အိတ်လုယူမှုကို ခံလိုက်ရပါတယ်။ ထာဝရအသက်ရှင်နိုင်တဲ့ ဆန်တာဟာ နှစ်တိုင်း လူကောင်းတွေဆီ လက်ဆောင်ပို့ပေးနေပေမယ့် အမည်ပျက်စာရင်းထဲက လူဆိုးတွေအတွက်တော့ ဘာမှမလုပ်ပေးနိုင်တာကို အားမလိုအားမရ ဖြစ်နေတယ်။ အဲဒီနောက် လူဆိုးတွေကို ဖမ်းဆီးဖို့ ဆန်တာမန်းအဖြစ် စတင်လှုပ်ရှားပါတော့တယ်။ ဒါပေမဲ့ ဆန်တာရဲ့ ထာဝရအသက်ရှင်နိုင်စွမ်းကို လိုချင်နေတဲ့ လူဆိုးတစ်ယောက်လည်း ရှိနေပါတယ်။ အဲဒီလူက ဘယ်သူလဲ၊ သူ့ရည်ရွယ်ချက် အထမြောက်သွားနိုင်မလားဆိုတာနဲ့အတူ ဆန်တာဘက်က ဘယ်သူတွေ ဝိုင်းကူပေးကြမလဲဆိုတာကို ဆက်တွေ့ရမယ့် မိသားစုကြည့် စွန့်စားခန်းကာတွန်းကားပါ။
ဇာတ်လမ်းအကြောင်း