ဇာတ်ကားများ ရွေးရန်

The Wave

2015ဇာတ်ကားအမှတ် 6.7/10105 မိနစ်

The Wave (2015) IMDb Rating (6.6) / Rotten Tomatoes (83%) ဒီကားလေးကတော့ Norway နိုင်ငံရဲ့ အလှဆုံး ခရီးသွားဒေသတစ်ခုဖြစ်တဲ့ Geiranger မြို့လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့လေးက တောင်တွေကာရံထားပြီး ရှုခင်းအရမ်းလှပပေမယ့်၊ မြို့ရဲ့အထက်မှာ Åkerneset ဆိုတဲ့ တောင်ကြီးက အချိန်မရွေးပြိုကျနိုင်တဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ မင်းသား Kristian က အဲဒီဒေသမှာတာဝန်ကျတဲ့ ဘူမိဗေဒပညာရှင် (Geologist) တစ်ယောက်ပါ။ သူက မိသားစုနဲ့အတူ မြို့ကြီးကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ နောက်ဆုံးရက်မှာပဲ တောင်ကြီးဆီက ထူးခြားတဲ့ မြေအောက်ရေ အပြောင်းအလဲနဲ့ Sensor အချက်ပြမှုတွေကို သတိထားမိလိုက်ပါတယ်။ သူ့စိတ်ထဲမှာ တစ်ခုခုလွဲနေပြီဆိုတာ အာရုံရနေပေမယ့် ခိုင်လုံတဲ့သက်သေမပြနိုင်ခင်မှာပဲ မမျှော်လင့်ထားတဲ့အခြေအနေတစ်ခုရုတ်တရက်ဖြစ်ပေါ်လာပါတော့တယ်။ တကယ်တမ်းအန္တရာယ်ကျရောက်လာပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ Kristian တို့မိသားစု အချိန်မီလွတ်မြောက်နိုင်ပါ့မလား? တစ်မြို့လုံးက လူတွေရော ဘယ်လိုအသက်လုပြေးကြမလဲ? သဘာဝဘေးအန္တရာယ်က သူတို့ထင်ထားတာထက် ဘယ်လောက်ပိုဆိုးရွားနေလဲ ဆိုတာတွေကို ရင်တမမနဲ့ ကြည့်ရှုရမယ့်ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျာ။ File size… (1.6 GB) / (920 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Drama,Thriller Duration…. 01:45:44 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း