ဇာတ်ကားများ ရွေးရန်

Shogun's Ninja

2025ဇာတ်ကားအမှတ် 6.3/1076 မိနစ်

Shogun's Ninja (2025) IMDb Rating (6.4) ရှိုးဂန်းခေတ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီဂျပန်နင်ဂျာရုပ်ရှင်မှာတော့ ဆာမူရိုင်းတွေထက် နင်ဂျာတွေကို အသားပေးပြထားပြီး ဒီလိုခေတ်တွေမှာ ဇာတ်အိမ်တည်တတ်တဲ့ ဂျပန်ရုပ်ရှင်တွေမှာ မြင်ရသလို ဆာမူရိုင်းတွေရဲ့ ဂုဏ်သိက္ခာအပေါ် အလေးထားမှုတွေ မြင့်မြတ်မှုတွေထက် နင်ဂျာတွေရဲ့ ဂုဏ်သိက္ခာတွေကို အလေးမထားဘဲ ရှင်သန်ဖို့ ရတဲ့နည်းနဲ့ တိုက်ခိုက်တတ်တဲ့ နည်းစနစ်တွေကို အသားပေးပြထားတဲ့ ဂျပန်နင်ဂျာကားပါ။ ဆာမူရိုင်းတွေနဲ့ နင်ဂျာတွေကြားက တိုက်ပွဲတွေ ပါပေမဲ့လည်း နင်ဂျာတွေက အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားသလို အဲဒီကာလရဲ့အာဏာအကြီးဆုံးဖြစ်တဲ့ ရှိုးဂန်းကိုလည်း ယောက်ျားချင်းကြိုက်တဲ့သူအဖြစ် ဇာတ်အိမ်ခပ်ဆန်းဆန်းနဲ့ ပုံဖော်ထားတဲ့ နင်ဂျာကားပါ။ တစ်ကားလုံး နင်ဂျာတွေရဲ့ တိုက်ပွဲတွေနဲ့ ပုံဖော်ထားတာမို့ အက်ရှင်ကားပရိသတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ပါပဲ။ File size… (820 MB) Quality…. WEB-DL 720p Format…. mp4 Genre…. Action,History Duration…. 01:16:44 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း