ဇာတ်ကားများ ရွေးရန်

All About Lily Chou-Chou

2001ဇာတ်ကားအမှတ် 7.4/10146 မိနစ်4K

All About Lily Chou-Chou (2001) IMDb Rating (7.5) / Rotten Tomatoes (68%) အာရှရုပ်ရှင်ပရိသတ်တွေထဲ ဒီရုပ်ရှင်ကို မသိတဲ့လူလည်း မရှိသလို မကြိုက်တဲ့လူလည်းမရှိဘူး။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Shunji Iwaiကိုလည်း ထိုနည်း၎င်းပေမဲ့ ဒီရုပ်ရှင်က သူ့မာစတာပိစ်အဖြစ် သတ်မှတ်ထားကြတဲ့ ရုပ်ရှင်။ အထူးခြားဆုံး ရုပ်ရှင်လိုလည်း ပြောကြတာတွေ ရှိတယ်။Lily Chou-Chouရုပ်ရှင်က တကယ်လည်း ထူးခြားသလို သူ့ပရိသတ်အားကလည်း ကြောက်ဖို့ကောင်းခဲ့တယ်။ ဖန်တွေက ဒီကားအတွက် သီးသန့်Webisteတစ်ခု ထောင်ထားတဲ့အထိကို အောင်မြင်ခဲ့တယ် ပြောရမယ်။ ဇာတ်ကားထဲကလို Chat Roomတွေကိုပါ ဖန်တီးခဲ့ကြတယ်။ ရုပ်ရှင်တစ်ကားကို ဒီလိုမျိုး အလုပ်ခံရတာက သိသလောက်တော့ ရုပ်ရှင်သမိုင်းနဲ့ချီပြီးကို ဒီတစ်ကားပဲရှိဦးမယ်။ နောက်ပရိုဒတ်ရှင်းမတိုင်ခင် ဒါရိုက်တာ အားထုတ်ခဲ့တဲ့ ဘယ်ရုပ်ရှင်နဲ့မတူတဲ့ အားထုတ်မှုတွေကလည်း ဒီရုပ်ရှင်ကို ပိုထူးခြားစေခဲ့တယ်လို့ ထင်ရတယ်။ ခုနwebsiteမတိုင်ခင် တစ်နှစ်အလိုမှာ Iwaiကိုယ်တိုင်က Lilychouchouဖန် Webတစ်ခု ထောင်ခဲ့တယ်။ အဲဒီမှာ ဒီထဲက ဇာတ်ကောင်တွေအနေနဲ့ ပို့စ်တွေတင်ပြီး အရှိတရားနဲ့ ဖန်တီးမှုကြားက စည်းကို ပိုဝေဝါးအောင်လုပ်ခဲ့တယ်။ နောက် ဒီရုပ်ရှင်ရဲ့ အဓိကအခရာထဲပါနေတဲ့ Lily Chou Chouဆိုတဲ့ အဆိုတော် ဆိုတဲ့သီချင်းတွေအဖြစ် ထည့်သွင်းထားတဲ့ သီချင်းတွေကိုလည်း ဘန်တစ်ခုထောင်ပြီး Salyu ဆိုတဲ့ ပွဲဦးမထွက်ရသေးတဲ့ အဆိုတော်က သီချင်းတွေဆိုပြီး Lily Chou Chouရဲ့သီချင်းတွေကို အတည်ကြီးအယ်လ်ဘမ်အနေနဲ့ ထုတ်ခဲ့သေးတယ်။ တစ်ချို့သီချင်းတွေကို Iwaiက ရေးပေးထားတယ်။ ရုပ်ရှင်ထွက်ပြီး ၁၀နှစ်ပြည့်မှာလည်း ဒီဘန်ကို တစ်ဖန်ပြန်အသက်သွင်းခဲ့ကြသေးတယ်။ ဆိုတော့ ဒီရုပ်ရှင်မှာ Iwaiရဲ့ အားထုတ်မှုကလည်း ကြောက်စရာကောင်းနေတယ်။ တာရန်တီနိုတောင် သူ့ Kill Billထဲ Lily Chou Chou သီချင်းတစ်ပုဒ်ထည့်သုံးခဲ့သေးတယ်။ ဒီသီချင်းတွေအကုန်လုံးကိုလည်း Lily Chou-Chou နာမည်နဲ့ Youtubeမှာ ရှာ နားထောင်လို့ရတယ်။ တကယ်တမ်း ဒီရုပ်ရှင်က ၁၄နှစ်သား ကျွန်တော်တို့ဆီဆို အထက်တန်းကျောင်းသား သူတို့ဆီဆို အလယ်တန်းကျောင်းသားတွေရဲ့ အကြောင်းသက်သက်ပဲ။ ထူးသွားတဲ့အချက်တွေက သက်သက်ပေမဲ့ ဇာတ်အိမ်ကတော့ ဒီအကြောင်းပဲ။ ဒီကျောင်းသားတွေရဲ့ အများစုမှာ တူညီတာက ဒီရုပ်ရှင်ရဲ့ နာမည်လည်းဖြစ် အရေးအပါဆုံးလည်း ဖြစ်တဲ့အရာက Lily Chou-Chouဆိုတဲ့ အဆိုတော်ကို ကြိုက်ကြတဲ့အချက်ပဲ။ ဒီအဆိုတော်က သူတို့အတွက်တော့ သာမန်အဆိုတော်မဟုတ်ဘူး။ ပြောပြရင် သူတို့ဘဝတွေက ထွက်ပေါက်မရှိနေတဲ့ ဘဝတွေလို သူတို့ခံစားနေရတယ်။ Etherလို့ခေါ်တဲ့ လက်ရှိကမ္ဘာထက်ကျော်လွန်တဲ့ အရာက သူတို့ထွက်ပေါက်လို့ ထင်ကြတယ်။ အဲဒီအရာက နေရာတစ်ခုလို့ပြောရမယ်။ ဒြပ်မဲ့နေရာတစ်ခုပေါ့။ ငြိမ်သက် အေးချမ်းတဲ့ ခံစားချက်တွေကို စီးကူးပေးနိုင်တဲ့ နေရာတစ်ခု။ အဲဒီနေရာကို ရှာ‌တွေ့ခဲ့တဲ့ သူ။ Etherကအနေ အနုပညာဖန်တီးတဲ့သူလို့ သူတို့က ယုံကြတယ်။ ပြောရရင် Lily Chou-Chouကို ကိုးကွယ်ကြတယ်။ ဒီကိုးကွယ်မှုဟာ အလယ်တန်းကျောင်သားတွေရဲ့ ဒီရုပ်ရှင်တစ်လျှောက်ဖြတ်သန်းမှုမှာ အဓိကနေရာကပါနေတယ်။ Lily Chou-Chouဆိုတဲ့ ကာရိုက်တာကိုတော့ ဟောင်ကောင် အဆိုတော်နဲ့ မင်းသမီး Faye Wongကို Inspireယူထားတယ်လို့ Iwaiကိုယ်တိုင် အင်တာဗျူးမှာ ဖြေခဲ့တယ်။ အလယ်တန်းကျောင်းသူ ကျောင်းသားတွေရဲ့ အခြေအနေတွေကိုချည်း ပြတယ်ဆိုပေမဲ့ ဒီရုပ်ရှင်ဟာ နွေးထွေးတဲ့ ရုပ်ရှင်တစ်ကားတော့မဟုတ်ဘူး။ ရက်စက်တဲ့ရုပ်ရှင်ကား။ အရက်စက်ဆုံး ရုပ်ရှင်ကားလို့တောင် ပြောလို့ရမလားပဲ။ မြင်ကွင်းတွေ သီချင်းတွေ အရာရာဟာ Iwaiစတိုင်အတိုင်းပဲ လှပတယ်။ သီချင်းတွေဆို တော်တော်လေးကိုကောင်းတယ်။ ဒီကားမှာ သီချင်းတွေတီးလုံးတွေက ဇာတ်ကို တင်ပေးထားတဲ့အရာတွေလို့တောင် ပြောရမယ်။ ဆိုပေမဲ့လို့ ဒီလောက်လှပတဲ့ တင်ဆက်မှုကနေ ထွက်လာတဲ့ ဇာတ်လမ်းကတော့ သိပ်ရက်စက်လွန်းတယ်။ ကျောင်းသားချင်း ရက်ရက်စက်စက်အနိုင်ကျင့်တာတွေ၊ ကျောင်းသူတွေကို မုဒိန်းကျင့်တာတွေ၊ ကျောင်းသူတွေကို ညစ်ညမ်းဗီဒီယိုနဲ့ ခြိမ်းခြောက်ပြီး ပြည့်တန်ဆာလုပ်ပြီး‌ ငွေရှာခိုင်းထားတာတွေအထိပါတယ်။ ဂျပန်စီနီမာတစ်ခုလုံးက ကျွန်တော်အချစ်ဆုံးမမယုအိုအိရဲ့ ဇာတ်ကောင်ကလည်း တော်တော်ချစ်ဖို့ကောင်းပြီး တော်တော်သနားစရာကောင်းတဲ့ ဇာတ်ကောင်ဖြစ်ခဲ့တယ်။ ဆိုပေမဲ့လို့ ဒီကားက အဓိကဇာတ်ကောင်ရဲ့ ကာရိုက်တာရော အနိုင်ကျင့်တဲ့သူရဲ့ကာရိုက်တာရောကို Iwaiရဲ့ တင်ဆက်ပုံက တော်တော်ဝေဝါးစေတဲ့အချက်တွေများတယ်။ အနိုင်ကျင့်တဲ့သူက အဓိကဇာတ်ကောင်ရဲ့ သူငယ်ချင်းဘဝကနေ ဘာလို့ အနိုင်ကျင့်တဲ့သူ ဖြစ်သွားလဲဆိုတဲ့အပေါ် ဆန်းပြားတဲ့သီအိုရီတွေ အများကြီးထုတ်ခဲ့ကြသေးတယ်။ သေဆုံးခြင်းနဲ့ပတ်သက်ပြီးလည်း အသက်၆သက်ပြည့်သွားပုံတွေ ဘာတွေ သီအိုရီတွေအများကြီးထုတ်ခဲ့ကြတယ်။ အရသာပျက်မှာစိုးလို့ အတိအကျတော့ မပြောတော့ဘူး။ ဆိုပေမဲ့ Iwaiရဲ့တင်ဆက်ပုံကို သီအိုရီတွေမပါဘဲ ရိုးရိုးလေး ကျွန်တော်ပြောပြလို့ရတာက Iwaiက ဒီရုပ်ရှင်မှာ ပျက်ကပ်တစ်ခုကြားက လူငယ်ဘဝကို ပုံဖော်ခဲ့တယ်။ ပျက်ကပ်ဆိုတာက ကိုယ်ရေးကိုယ်တာ ပျက်ကပ်က တစ်ပိုင်း၊ ၂၀၀၀မှာ ကမ္ဘာပျက်တောမ့ယ်ဆိုတဲ့ အသိကတစ်ပိုင်းပေါ့။ Nostradamusက ၁၉၉၉ရဲ့ ၇လပိုင်းမှာ King of Terrorကောင်းကင်ကနေ ဆင်းသက်လာပြီး ကမ္ဘာပျက်မယ်လို့ ဟောခဲ့တာတွေ ဘာတွေပေါ့။ သူတို့အရွယ်တုန်းက ကျွန်တော်တို့လည်း ၂၀၁၂မှာ ကမ္ဘာပျက်မယ်ဆို ငါတို့ဘာလို့ ကျောင်းဆက်တက်ဦးမှာလဲဆိုတဲ့ အတွေးမျိုး အဲဒီတုန်းက တွေးခဲ့ကြဖူးတယ်။ သူတို့လည်း ထိုနည်း၎င်းပဲပေါ့။ ဇာတ်ကောင်တွေဟာ တစ်ချိန်တည်းမှာ ခေတ်ကာလအကူးအပြောင်းရဲ့ပျက်ကပ်ကိုရော အယူသီးမှုရဲ့ဒဏ်ကိုရော ခံနေရတဲ့ဇာတ်ကောင်တွေ။ ဒီကာလမှာ ရွေးချယ်မှုကိုလိုက်ပြီး အပြောင်းအလဲတွေက သူတို့အတွက် ကြီးမားခဲ့တယ်။ ဘဝတွေကလည်း ပျက်ကပ်တွေဆိုက်နေတယ်ကိုး။ အမှောင်ထဲကနေ အနက်ထဲကို ထိုးကျသွားဖို့ လက်တစ်ကမ်းအကွာမှာနေနေရင်း အမှောင်ထဲကျသွားတဲ့လူတွေ မကျသွားတဲ့လူတွေပေါ့။ ဆိုပေမဲ့ Iwaiက ကျသွားပုံတွေကို အရက်စက်ဆုံးနဲ့ လှလှကြီးပုံဖော်ထားခဲ့တယ်။ ဒါသူမြင်တဲ့ ဆယ်ကျော်သက်ဘဝပါပဲ။ အမှန်တွေအမှားတွေဆိုတာလည်း နားလည်ကြည့်ရင်ပြောဖို့ခက်တဲ့ လူငယ်ဘဝတွေပေါ့။ သူတို့လုပ်ရပ်တွေအတွက် သူတို့ကိုချည်းအပြစ်ပုံလိုက်ဖို့က ဆယ်ကျော်သက်ဆိုတဲ့ အနေမို့ မဖြစ်နိုင်တော့ လူ့စံနှုန်းအရ အကဲဖြတ်ဖို့ခက်တဲ့ အရာတွေပေါ့။ ဆိုပေမဲ့ သူတို့အားလုံးရဲ့ ခဏတာ ကယ်တင်ရှင် ထွက်ပေါက်ကလည်း Lily Chou-Chouဖြစ်ခဲ့တယ်။ လူဆိုးရော မဆိုးတဆိုးရော လူကောင်းရောရဲ့ လူသားဆန်နေသေးမှုတွေပေါ့။ All About Lily Chou-Chou ရုပ်ရှင်ဟာ သူ့နာမည်ကျော်မှုဟာ အပိုဆားဒါးမဟုတ်ဘူးလို့ ကျွန်တော်တော့ ကောင်းကောင်းကို ယုံကြည်တဲ့ အဘက်ဘက်က ပြည့်စုံနေတဲ့ ရုပ်ရှင်လို့ မြင်တယ်။ ရုပ်ရှင်တစ်ကားကို တင်ဆက်ရမယ်ဆိုတဲ့ စိတ်မျိုးနဲ့ရိုက်ထားတာမဟုတ်ဘဲ ဖန်တီးမှုတစ်ခုကို ဖန်တီးတယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ရိုးသားမှုတစ်ခုကိုလည်း မြင်နေရတယ်။ Iwaiကိုယ်တိုင်မှာတောင် အဖြေရှိချင်မှရှိမယ့် ဝေဝါးမှုတွေကိုလည်း မြင်နေရတယ်။ သူသိခဲ့တဲ့အရာတွေကိုပြပြီး သူမသိခဲ့တဲ့အရာတွေအတွက် ကွက်လပ်ချန်ထားခဲ့ခြင်းမျိုးလည်း ဖြစ်နိုင်တယ်လို့ ကျွန်တော်တော့ ယုံတယ်။ ဒါကြောင့်ပဲ Lily Chou-Chou ဟာ တစ်ခါပြန်ကြည့်တိုင်း အသစ်တစ်ခုပြန်ဖြစ်လာမယ့် ရိုးမသွားနိုင်မယ့် ရုပ်ရှင်တစ်ကားဖြစ်နေခဲ့တာပဲ။ အဲဒီလိုပြန်ကြည့်တိုင်းလည်း ပျင်းမသွားရအောင် အပြတွေ အသံတွေက ကျွန်တော်တို့ကို အမြဲဖမ်းစားနိုင်လိမ့်မယ်။ ကမ္ဘာဟာ နိဗ္ဗာန်ဘုံ ဘယ်တုန်းကမှမဟုတ်ပါဘူး။ ငရဲဆိုရင်တောင် ပိုဖြစ်နိုင်ဦးမယ်။ ဒီငရဲထဲက ငရဲလိုအဖြစ်တွေကို နိဗ္ဗာန်ဘုံဆန်အောင် ရိုက်ပြနိုင်တဲ့ လူက အမြဲ Shunji Iwaiပဲ။ ရုပ်ရှင်ထဲမှာတော့ " ငါဒီမှာပါလို့ အော်ပစ်လိုက်ချင်လို့ ဒီစာကို ငါရေးမိတာနေမယ်"ဆိုတဲ့ ကြေကွဲစရာ စကားလုံးလှလှလေးနဲ့အဆုံးသတ်ထားတယ်။ ဒီငရဲမှာ ဒီလိုနိဗ္ဗာန်တွေ ဒီမှာရှိပါတယ်လို့ ခေါ်ပြချင်လို့ Shunji Iwaက ရုပ်ရှင်တွေရိုက်ခဲ့သလားပဲ။ File size… (7.8 GB) / (3.7 GB) / (2 GB) Quality…. Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Drama Duration…. 02:27:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း