Swallowtail Butterfly
Swallowtail Butterfly (1996) IMDb Rating (7.5) / Rotten Tomatoes (89%) ဇာတ်လမ်းစစအခန်းမှာ နံရံမှာ ပစ္စတိုတစ်လက်ချိတ်ထားရင် နောက်တစ်ခန်းမှာ အဲဒီသေနတ်ကို ပစ်ကိုပစ်ရမယ်။ မပစ်ဘူးဆိုရင် သေနတ်က အဲဒီနံရံမှာ ရှိကိုမရှိနေသင့်ဘူးဆိုတဲ့ သီအိုရီနဲ့တော့ Shunji Iwaiရဲ့ Swallowtail Butterfly က ဆန့်ကျင်ကောင်းဆန့်ကျင်နေလိမ့်မယ်။ ဆိုပေမဲ့ သူ့သဘာက ဇာတ်လမ်းတစ်ခုမှာ လိုအပ်တဲ့အရာတွေပဲထားရမယ်ဆိုတဲ့ သဘောပဲဆိုတော့ မဆန့်ကျင်တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဆိုပေမဲ့ Shunji Iwaiကတော့ ဒီဇာတ်လမ်းမှာ သူအစပျိုးခဲ့တဲ့ အရာတွေတစ်ချို့ကို လုံးဝကိုပစ်ပယ်လိုက်ပြီး တစ်ချို့ကိုတော့ လွဲချော်စေခဲ့တယ်။ လွဲဖို့သက်သက်ကို ဒီလိုထည့်ထားတာဆိုတော့လည်း ဒီဇာတ်လမ်းအတွက် ဒီဘာမှဆက်မဖြစ်သွားခြင်းတွေက လိုကိုလိုနေတာပါပဲ။ ကျီစားတတ်တဲ့ လောကကြီးမှာ တစ်နေ့တော့ အဆင်ပြေလာမှာပါ မျှော်လင့်ရင်း သူ့အတိုင်း ဒုက္ခမှာ နေသားကျသွားတဲ့ လူတွေလိုပေါ့။ Iwaiရဲ့ ဒီဇာတ်လမ်းက Dystopiaဆန်တယ် ပြောရမယ်။ အရမ်းတော့ အဆန်ကြီးမဟုတ်ဘူး။ ဒီမြို့ရဲ့အဓိကဇာတ်လိုက်ကြီးက ယန်းတောင်းဆိုတဲ့ နေရာကြီးပဲ။ ဂျပန်ငွေယန်းရယ် Townမြို့ရယ်။ ယန်းမြို့ပေါ့။ အဲဒီလိုခေါ်တဲ့နေရာက ဘယ်နေရာလဲဆိုတော့ ပြည်ပကနေ အလုပ်လာလုပ်တဲ့ စုတ်ပြတ်နေတဲ့ လူတွေနေတဲ့နေရာကို ခေါ်တာ။ ယန်းငွေရဲ့ ဆွဲအားနဲ့ ရောက်လာကြတဲ့လူတွေ နေကြတဲ့နေရာပေါ့။ ပြည့်တန်ဆာတွေ မကောင်းမှုတွေ မှောင်ခိုမှုတွေ အကုန်စုံနေတဲ့နေရာတစ်ခုပဲ။ သက်ရှိအဓိကဇာတ်ကောင်က အာဂီဟာလို့ခေါ်တဲ့ ကလေးမလေး။ ဒီဇာတ်လမ်းစစမှာ သူ့ကိုစမိတ်ဆက်တုန်းက သူက အပျိုတောင်ဖြစ်သေးပုံမရဘူး။ သူ့အမေ သေသွားတာနဲ့ ဇာတ်လမ်းကို စဖွင့်ထားတယ်။ အဲဒီအစခန်းမှာတင် ယန်းတောင်းက လူတွေရဲ့အခြေအနေနဲ့ သားကောင်ချနင်းတဲ့ စိတ်ဓာတ်တွေက ပေါ်နေပြီးသားပဲ။ ဟိုရောင်းစား ဒီရောင်းစားခံရရင်း ပြည့်တန်ဆာလက်ထဲ ရောက်သွားတဲ့ ကလေးမလေးက ဒီမကောင်းမှုတွေ ထူပြောနေတဲ့နေရာကြီးမှာ ကြုံရတဲ့အဖြစ်တွေကို ပြထားတယ်။ သူ့အတိုင်းက ဆိုးနေရတဲ့အထဲ ကံဆိုးစွာနဲ့ လူမိုက်တွေ ရဲတွေပါ လာနွယ်သွားတဲ့အခါ ပိုရှုပ်ထွေးသွားတဲ့ အခြေအနေတွေ ပိုဆိုးသွားတဲ့ ဒုက္ခတွေကို ပြထားတယ်။ Shunji Iwaiကားတွေနဲ့ ပတ်သက်လာရင် ပြောနေကျ စကားနဲ့ပဲ နိဂုံးပြန်ချုပ်ရရင် Swallowtail Butterfly ဟာ အပြတွေ အသံတွေ သိပ်လှပေမဲ့ ဇာတ်လမ်းက သိပ်ရက်စက်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ကျွန်တော်သေချာပြောရဲတာက Shunji Iwaiရဲ့ ရုပ်ရှင်တိုင်းက သိပ်သန့်စင်တဲ့ အရသာသိပ်ရှိတဲ့ ရုပ်ရှင်တွေဆိုတာပါပဲ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (3.7 GB) / (1.9 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Drama,Music,Science Fiction Duration…. 02:28:46 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း