ဇာတ်ကားများ ရွေးရန်

Guardians of the Galaxy Vol. 3

2023ဇာတ်ကားအမှတ် 8.1/10150 မိနစ်4K

ဂါဒီယံအဖွဲ့ဟာ နိုးဝဲမှာ အေးအေးဆေးဆေး အနားယူနေကြပြီး ပီတာကတော့ အသည်းကွဲလို့ မူးရူးနေပါတယ်။ အဲဒီအချိန်မှာပဲ အဒမ် ဝေါလော့ခ်ဆိုတဲ့ ရန်သူသစ် ပေါ်လာတယ်။ သူ့နောက်ကွယ်မှာ ခိုင်းစေနေသူက ဟိုက်အီဗော်လူရှင်နရီဆိုတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ပါ။ ဟိုက်အီဗော်လူရှင်နရီဟာ နှစ်ပေါင်းများစွာ မျိုးဗီဇတွေကို ပြုပြင်စမ်းသပ်ပြီး ပြီးပြည့်စုံတဲ့ မျိုးစိတ်တွေနဲ့ ကမ္ဘာတစ်ခု ဖန်တီးဖို့ ရည်ရွယ်ထားသူဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကလည်း ပုံစံအမျိုးမျိုးနဲ့ စမ်းသပ်ထားတဲ့ ကမ္ဘာတွေ ရှိနေပြီး သူ့ကို နတ်ဘုရားအဆင့်လို့တောင် သတ်မှတ်ကြတယ်။ ဒီလောက် အင်အားကြီးတဲ့သူက ဂါဒီယံအဖွဲ့ဝင် ရော့ကတ်ကိုတော့ အသေရရ၊ အရှင်ရရ လိုချင်နေပါတယ်။ ရော့ကတ်ကို ဘာကြောင့် လိုချင်နေတာလဲ၊ ဂါဒီယံတွေကရော သူ့ကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို စွန့်စားခန်းတွေနဲ့ ဟာသတွေကြားမှာ ဆက်တွေ့ရမှာပါ။ ဒီတစ်ခါလည်း ဒါရိုက်တာ ဂျိမ်းဂန်းက ရိုက်ကူးထားပြီး မူရင်းသရုပ်ဆောင်တွေ ပြန်လည်ပါဝင်ထားပါတယ်။ Guardians of the Galaxy Holiday Special ရုပ်ရှင်တိုကို ကြည့်ထားရင် ဇာတ်လမ်းအချိတ်အဆက်တွေ ပိုနားလည်နိုင်ပါတယ်။

ဇာတ်လမ်းအကြောင်း