Scenes from a Marriage
"Scenes from a marriage" ကို Ingmar Bergman က ရိုက်ကူးပြီး 1974 ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပါတယ်။ အိမ်ထောင်ရေးဇာတ်ကားတွေထဲမှာ အဖြစ်မှန်နဲ့ အနီးစပ်ဆုံး၊ အတိုက်ဆိုင်ဆုံး ဇာတ်ဝင်ခန်းတွေ ပါဝင်တယ်လို့ ဆိုရပါလိမ့်မယ်။ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ မာရီယန်းနဲ့ ဂျိုဟန်တို့ လင်မယားရဲ့ စိတ်ခံစားချက်အတက်အကျတွေ မျက်နှာအမူအရာ တစ်ဖြည်းဖြည်းပြောင်းလဲလာပုံတွေကို ရှည်လျားတဲ့ရိုက်ချက်တွေ၊ ဒိုင်ယာလော့ခ်တွေနဲ့ ပုံဖော်ထားတဲ့အတွက် ဇာတ်ကောင်တွေရဲ့စရိုက်ကို သူတို့ရဲ့စကားတွေကနေတစ်ဆင့် အထင်းသားမြင်နေရပါတယ်။ အိမ်ထောင်တစ်ခုရဲ့ အက်ကွဲကြောင်းတွေဟာ သေးငယ်တဲ့နားလည်မှုအလွဲလေးတွေ၊ ဖွင့်မပြောဖြစ်တဲ့ အမုန်းမီးပွားမီးစတွေက စတင်လာတယ်ဆိုတာ ရိုးရိုးသားသား ဖွင့်ချပြထားတဲ့ ဇာတ်ကားတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ မာရီယန်းနေရာက သရုပ်ဆောင်တဲ့ Liv Ullmann ရဲ့ အကောင်းဆုံး တင်ဆက်မှုတွေကို တွေ့နိုင်သလို Erland Josephson ကလည်း အိမ်ထောင်တစ်ခုအပေါ် တာဝန်သိတတ်မှုနဲ့ လိုအင်ဆန္ဒကြားထဲမှာ ပြေးလွှားနေရသူ ဂျိုဟန်အဖြစ်ကိုလည်း အကောင်းဆုံး သရုပ်ဖော်ထားပါတယ်။ လေးလံမွန်းကြပ်ရတဲ့ အိမ်ထောင်သည်ဘဝဇာတ်လမ်းဆိုပေမယ့် မာရီယန်းနဲ့ ဂျိုဟန်တို့ကြားထဲက ချစ်-မုန်း ဆက်ဆံရေးတစ်ခုအပေါ်မှာ မဖုံးဖိနိုင်တဲ့ ခံစားချက်တွေ၊ ဖြတ်တောက်လို့မရတဲ့ ဆက်နွယ်မှုတွေက ပရိသတ်ကို ငြီးငွေ့စိတ်မဖြစ်စေခဲ့ပါဘူး။ အိမ်ထောင်ရေးတစ်ခုရဲ့ လိင်မှုဘဝအရေးပါမှုကိုလည်း ပွင့်လင်းတဲ့ဒိုင်ယာလော့ဒ်တွေကတစ်ဆင့် ထင်ဟပ်ပြသထားနိုင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ပုံစံကလည်း မာရီယန်းနဲ့ဂျိုဟန်တို့ အိမ်ထောင်ရေးမြင်ကွင်းတွေကို အခန်းစဉ်ကျဲကျဲနဲ့ ပြသထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းရဲ့ခေါင်းစဉ်နဲ့ အလိုက်ဖက်ဆုံး ဖြစ်နေခဲ့ပါတယ်။ ရုပ်ရှင်ကားအများစုမှာ ပြသလေ့မရှိတဲ့ အိမ်ထောင်တစ်ခုရဲ့ အဖြစ်မှန်တွေကို ချပြထားတဲ့အပြင် မာရီယန်းနဲ့ဂျိုဟန်တို့ကြားထဲက ကွဲကွာနေခဲ့သည့်တိုင်အောင် ရှုပ်ထွေးစွာဆက်နွယ်နေမှုဟာလည်း ပရိသတ်အတွက် ဆွဲဆောင်မှုတစ်ခုဖြစ်မယ်ဆိုတာ ယုံကြည်တဲ့အတွက် 1974 ခုနှစ်ရဲ့ "Scenes from a marriage" ကို တင်ဆက်ပေးလိုက်ရပါတယ်။ File size… 4.5 GB / 2.4 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 49m Genre ..... Drama , Romance Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း