ဇာတ်ကားများ ရွေးရန်

Your Letter

2025ဇာတ်ကားအမှတ် 8.1/1097 မိနစ်

Your Letter (2025) IMDb Rating (8.1) ယခုတစ်ခေါက်မှာတော့ drama, mystery နဲ့ adventure ဆန်ဆန် ကာတွန်း animation တစ်ပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်ကျောင်းမှာ အနိုင်ကျင့်ခံရမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့ အီဆိုရီတစ်ယောက် ဝင်တားရင်း အနိုင်ကျင့်သူတွေရဲ့ နောက်ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ပထမစာသင်နှစ်ဝက်အပြီး နွေရာသီကျောင်းပိတ်ရက် ကုန်ဆုံးချိန်မှာတော့ အီဆိုရီဟာ ငယ်ငယ်တုန်းက အဘွားဖြစ်သူနဲ့ အတူနေခဲ့တဲ့ မြို့လေးဆီပြောင်းရုံတင်မက ထိုမြို့ကလေးမှာ ရှိတဲ့ ကျောင်းကိုပါ ပြောင်းခဲ့ရာမှ သူမရဲ့ စားပွဲခုံအောက်မှာ အမည်မသိ စာတစ်စောင်ကို ရှာတွေ့ခဲ့ပါတယ်။ “စာကို ဆက်ပြီးဖတ်ချင်ရင် သဲလွန်စကို လိုက်ရှာပြီး စာစဉ်တွေကို ရှာပါ” ဆိုတဲ့အတိုင်း ကျောင်းအနှံ့မှာ လိုက်ရှာရာ ရွယ်တူကောင်လေးဖြစ်တဲ့ ဘတ်ဒုံဆွန်းဆိုသူနဲ့ တွေ့ဆုံခဲ့ရကာ သူငယ်ချင်းဖြစ်သွားပြီး အမည်မသိစာစဉ်တွေကို အတူတကွ လိုက်ရှာကာ ပေးပို့သူရဲ့ သရုပ်မှန်ကို ဘယ်လိုများ ဖော်ထုတ်သွားမလဲဆိုတာကိုတော့ ဒီ Your Letter ဆိုတဲ့ animation ကာတွန်းဇာတ်ကားလေးကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ File Size : 1.42GB/ 650MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…1hr 37m Genre : Animation, Drama, Mystery, Adventure Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း