ဇာတ်ကားများ ရွေးရန်

La Tahzan: Cinta, Dosa, Luka...

2025ဇာတ်ကားအမှတ် 7.1/10139 မိနစ်

La Tahzan: Cinta, Dosa, Luka... (2025) IMDb Rating (5.8) Norma တို့၊ Ipar Adalah Maut တို့လိုအိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်ကားတွေ ဆက်တိုက်အောင်မြင်ပြီးတဲ့နောက်အလောင်တစ်လိုင်းဘက်ကို ခြေဦးလှည့်လာတဲ့ အင်ဒိုနီးရှားတို့ရဲ့နောက်ထပ်အလောင်ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းကတော့အာလီနာနဲ့ရီဇာတို့ဟာ ရင်သွေးလေးနှစ်ယောက်နဲ့အတူ ပျော်စရာအိမ်ထောင်ရေးကိုထူထောင်ထားနိုင်ကြပြီး သူတို့အိမ်ထောင်ရေးကိုသူတို့အချစ်ကို ဘယ်လိုအရာ ဘယ်သူကမှ ဖျက်ဆီးလို့မရနိုင်ဘူးလို့ယုံမှတ်ထားကြသူတွေဖြစ်ပါတယ်။ အာလီနာကတော့ အောင်မြင်တဲ့အွန်လိုင်းရှော့ပင်းလုပ်ငန်းတစ်ခုကို ဦးဆောင်ပြီး လူမှုရေး ဘာသာရေးမှာလည်းတက်တက်ကြွကြွပါဝင်တတ်သူဖြစ်တဲ့အတွက် အိမ်မကပ်ရစတမ်းခရီးတွေထွက်နေရလေ့ရှိပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့ရဲ့အိမ်ထောင်ရေးသုခနဲ့ပျော်ရွှင်မှုအလုံးစုံကိုဖျက်ဆီးမယ့်အရာဟာ ကလေးထိန်းအမျိုးသမီးအသွင်နဲ့အိမ်ပေါ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ပြီး အာလီနာ့အလစ်မှာ ခြေလှမ်းသွက်သွက်နဲ့ ရီဇာကို ချဉ်းကပ်ပါတော့တယ်။ မာယာများသလို အလှကြီးလှတဲ့ လူတွေရဲ့အထာတွေ အကြောတွေကိုလည်းသိပ်နပ်တဲ့ ဒီအမျိုးသမီးရဲ့လက်ကနေရီဇာတစ်ယောက်လွတ်အောင်ရုန်းနိုင်ပါ့မလား? အာလီနာကရော အချိန်မှီတားနိုင်ပါ့မလား? ဆက်လက်ရှုစားကြပါ။ မာယာရှင်မိန်းမလှလေးအဖြစ် How to Survive a Marriage? ထဲက ထူးခြားတဲ့အလှပိုင်ရှင် Ariel Tatum ကဦးဆောင်ပါဝင်ထားပါတယ်။ File size… (1.7 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 02:20:41 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း