ဇာတ်ကားများ ရွေးရန်

Soldier

1998ဇာတ်ကားအမှတ် 6.4/1099 မိနစ်

စစ်ပွဲကို မိတ်ဆွေ၊ တပ်စုကို မိသားစုအဖြစ်ပဲ သဘောထားဖို့ သင်ကြားခံထားရတဲ့ စစ်သားတွေဟာ ငယ်စဉ်ကတည်းက လက်မရွံ့တပ်သားတွေ ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ခံခဲ့ကြရပါတယ်။ ဒါပေမဲ့ အချိန်ကြာလာလို့ သူတို့ အသက်ကြီးလာတဲ့အခါ ကာနယ်မက်ကမ်က မျိုးရိုးဗီဇပြုပြင်ပြီး မွေးထုတ်ထားတဲ့ စက်ရုပ်ဆန်ဆန် စစ်သားသစ်တွေနဲ့ အစားထိုးဖို့ လုပ်လာတယ်။ တပ်သားဟောင်းတွေထဲမှာ အထူးချွန်ဆုံးတစ်ယောက်ဖြစ်တဲ့ တော့ဒ်လည်း ဒီလိုအစားထိုးမှုအတွင်း စွန့်ပစ်ခံလိုက်ရပါတယ်။ သူရောက်သွားတဲ့ ဖုန်းဆိုးမြေမှာ နေထိုင်သူတွေက တော့ဒ်ကို စောင့်ရှောက်ပေးကြတယ်။ သူတို့နဲ့နေရင်း အမိန့်နာခံရတာထက် ပိုတဲ့အရာတွေ ဘဝမှာ ရှိသေးမှန်း တော့ဒ် သိလာရပါတယ်။ ဒါပေမဲ့ တပ်စုက မျိုးရိုးဗီဇပြုပြင်ထားတဲ့ တပ်သားသစ်တွေကို စမ်းသပ်ဖို့ အဲဒီစွန့်ပစ်မြေကိုပဲ ရွေးလိုက်တဲ့အခါ သူ့ကို စောင့်ရှောက်ခဲ့သူတွေ အန္တရာယ်နဲ့ ရင်ဆိုင်လာရတယ်။ သူတို့ကို ကာကွယ်ဖို့ တော့ဒ်တစ်ယောက် တပ်တစ်တပ်လုံးကို ပြန်ရင်ဆိုင်ရတဲ့ ၁၉၉၈ ခုနှစ်ထွက် သိပ္ပံစိတ်ကူးယဉ် အက်ရှင်ကားပါ။

ဇာတ်လမ်းအကြောင်း