ဇာတ်ကားများ ရွေးရန်

Kagemusha

1980ဇာတ်ကားအမှတ် 7.8/10180 မိနစ်

၁၉၇၅မှာ ရိုက်တဲ့ Dersu Uzalaမတိုင်ခင်ကတည်းက အကျပ်အတည်းတွေတွေ့နေခဲ့တဲ့ ကူရိုဆာဝါဟာ Dersu Uzalaကို ရိုက်ပြီးတဲ့နောက်မှာလည်း ဂျပန်မှာ ဘာကားမှ မရိုက်ဖြစ်ခဲ့ဘူး။ Dersu Uzalaဟာ နိုင်ငံတကာမှာ အောင်မြင်ခဲ့ပေမဲ့လည်း ဂျပန်မှာတော့ ဒီအကြောင်းကို ဘာမှမပြောကြသလောက် ဖြစ်ခဲ့တယ်။ ဒီကာလ ဂျပန်မှာ သူ့ကို အလုပ်လာကမ်းလှမ်းတာဆိုလို့လည်း တီဗီလိုင်းတွေလောက်ပဲရှိခဲ့တယ်။ ကူရိုဆာဝါက ရုပ်ရှင်စစ်စစ်ပဲ ရိုက်ချင်ခဲ့တော့ လက်မခံခဲ့ဘူး။ ဒီကာလမှာ သူနောက်တစ်ကား ထပ်ရိုက်ခွင့်ရပါဦးမလားလို့တောင် သူကြောက်နေခဲ့ရတယ်။ ရုပ်ရှင်မရိုက်ရပေမဲ့လည်း ကူရိုဆာဝါက ရုပ်ရှင်အလုပ်ကိုတော့ မရပ်တန့်ခဲ့ပါဘူး။ နောက်ကားတွေအတွက် ဇာတ်ညွှန်းတွေရေးပြီး သရုပ်ဖော်ပုံတွေလည်းဆွဲခဲ့တယ်။ သူသေသွားတဲ့နောက်မှာတောင် ကျန်နေတုန်းပါပဲ။ သူသေပြီးနောက် မရိုက်ရသေးတဲ့ သူ့ဇာတ်ညွှန်းကို မှီးပြီး ရိုက်ထားတဲ့ကားတွေရှိခဲ့တယ်။ ၁၉၇၇မှာ ဂျော့လူးကတ်စ်ကလည်း ကူရိုဆာဝါရဲ့ The Hidden Fortressရဲ့ လွှမ်းမိုးမှုတွေများတဲ့ Star Warsကို ရိုက်ကူးပြီး အောင်မြင်ခဲ့တယ်။ ဒီနောက်မှာ သူက ကူရိုဆာဝါက ရုပ်ရှင်ရိုက်ဖို့ ဘတ်ဂျက်ရှာဖို့တောင် ခက်ခဲနေတာကို သိသွားတော့ တော်တော်လေး အံ့ဩသွားခဲ့တယ်။ ၁၈၇၈မှာတော့ ကူရိုဆာဝါနဲ့ တွေ့ပြီး Kagemushaကို ရိုက်လို့ရအောင် လူးကတ်စ်က ကူညီပေးခဲ့တယ်။ ဖရန်စစ်ဖို့ဒ်ကော်ပိုလာကိုလည်း တွဲဖက်ပရိုဂျူဆာအနေနဲ့ ခေါ်သွင်းခဲ့တယ်။ ဒီလိုနဲ့ ရုရှက ကူရိုဆာဝါကို ရုပ်ရှင်ပြန်ရိုက်လို့ရအောင် လုပ်ပေးပြီးတဲ့နောက် ၅နှစ်အကြာမှာ ဂျော့လူးကတ်စ်နဲ့ ဖရန်စစ်ဖို့ဒ်ကော်ပိုလာတို့ ကျေးဇူးနဲ့ ကူရိုဆာဝါဟာ သူ့နောက်ဆုံး Eraကို အစပြုနိုင်ခဲ့တယ်။ နည်းနည်းဆန်းတဲ့တစ်ချက်က ကူရိုဆာဝါနဲ့ ကော်ပိုလာတို့က ဒီရုပ်ရှင်အတွက် ဘတ်ဂျက်ရအောင် ဝီစကီကြော်ငြာရိုက်ခဲ့ရသေးတယ်။ အဲဒီထက်ပိုဆန်းတာက ဒီရုပ်ရှင်မှာ ဂျပန်ရှိုးဂန်းကြီး ဥရောပဝိုင်သောက်တဲ့အခန်းပါလာသေးတယ်။ မဟုတ်လောက်ပေမဲ့ ကော်ပိုလာကလည်း ဝိုင်ကုမ္ပဏီထောင်ထားပြီးတဲ့ ကာလဆိုတော့ သို့လောသို့လောပါပဲ။ ဘာနေနေပါ။ ဒီလို အရပ်ကူပါလူဝိုင်းပါနဲ့ ထုတ်ခဲ့ရတဲ့ ကူရိုဆာဝါရဲ့ Kagemusha ( 1980 )ဟာ Cannesမှာ Palme d'Or ရခဲ့သလို ကူရိုဆာဝါရဲ့ Palme d'Or ရခဲ့တဲ့ တစ်ကားတည်းသော ကားလည်းဖြစ်ခဲ့တယ်။ Kagemushaဆိုတာက အရိပ်စစ်သည်တော်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ အရိပ်ဆိုတာက အဲဒီခေတ်က နယ်စားအရှင်တွေက တိုက်ပွဲမှာ သူတို့ရှိနေကြောင်း ပြပြီး တပ်သားတွေ စိတ်အားတက်အောင်လုပ်ဖို့ရော၊ လုံခြုံရေးအရရော သူတို့နဲ့ခပ်ဆင်ဆင်တူတဲ့ လူတွေကို လူစားထိုးအဖြစ်သုံးခဲ့ကြတယ်။ အဲဒီလူစားထိုးတွေကို အရိပ်လို့ခေါ်တဲ့ သဘောပါပဲ။ အဲဒီအရိပ်အဖြစ်နေရတဲ့သူတွေက ပုံမှန်ဆိုရင်တော့ နယ်စားအရှင်တွေနဲ့ ရုပ်ချင်းဆင်နေလောက်ပေမဲ့ ညီတော်တွေ အစ်ကိုတော်တွေပေါ့။ ဒါပေမဲ့ Kagemushaမှာတော့ ညီတော်တစ်ပါးက သူ့အစ်ကို နယ်စားအရှင်နဲ့ ရုပ်ချင်းခွဲမရအောင်တူတဲ့ သူခိုးတစ်ကောင်ကို ကွပ်မျက်ကွင်းကနေ ကယ်လာပြီး သူ့အစ်ကိုနေရာမှာ လူစားထိုးအနေနဲ့ သုံးခဲ့တယ်။ ဒီလိုနဲ့ တိုက်ပွဲမှာ လူစားထိုးကမသေဘဲ တကယ့်အရှင်သခင်အစစ်က သေသွားတဲ့နောက် အရိပ်တစ်ခုရဲ့ခရီးပေါ့။ လူမရှိရင် အရိပ်မရှိဘူးဆိုပေမဲ့ လူမရှိတော့တဲ့ အရိပ်တစ်ခုရဲ့ ခရီးကို Kagemushaမှာ ကျွန်တော်တို့ မြင်ရလိမ့်မယ်။ File size… 4.92 GB / 2.73 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 3h Genre ..... Action , Drama , War Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း