ဇာတ်ကားများ ရွေးရန်

Army of Shadows

1969ဇာတ်ကားအမှတ် 7.9/10145 မိနစ်

၁၉၄၀ ခုနှစ်ပိုင်း ဒုတိယကမ္ဘာစစ်အတွင်းမှာ ဖီလစ်ပဲ ဂါဘီယဲဆိုတဲ့သူက ဂျာမန်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ် နာမည်ကျော်ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့ကို ထောင်ထဲတန်းမထည့်ဘဲ တရားခွင်တင်ဖို့ အကျဉ်းစခန်းတစ်ခုမှာ ထားရှိခဲ့ပါတယ် အဲဒီအခါမှာ လူမျိုးပေါင်းစုံတဲ့ အကျဉ်းထောင်ထဲ ဖီလစ်ပဲတစ်ယောက် လူဝင်မဆံ့ဖြစ်နေခဲ့ပါတော့တယ် ဒီလိုနဲ့နေလာရင်း ဖီးလစ်ဆိုတဲ့ ဘယ်ဂျီယန်သား ကွန်မြူနစ်တစ်ယောက်နဲ့ တွေ့ဆုံပြီး သိပ်မကြာခင်မှာ သူတို့ အကျဉ်းစခန်းကနေ ထွက်ပြေးဖို့ ကြံကြပါတော့တယ် လျှပ်စစ်အင်ဂျင်နီယာ နှစ်ယောက်ဖြစ်တာနဲ့အတူ လျှပ်စစ်မီးလိုင်းတွေကိုဖြတ် ညအမှောင်ကိုခိုပြီး အကျဉ်းစခန်းကနေ ထွက်ပြေးလွတ်မြောက်လာတဲ့နောက်မှာတော့ သူတို့ နှစ်ယောက်ဟာ ပြင်သစ်ခုခံရေးတပ်နဲ့ ပေါင်းပြီး အေးဂျင့်တွေဖြစ်လာခဲ့ပါတယ် အဲဒီအခါမှာ လယ်မတ်စ် လယ်ဘိုင်ဆင် နဲ့ မယ်လ်သီးဒ်တို့နဲ့ ‌တစ်ဖွဲ့တည်းကျပြီး စစ်ဆင်ရေးတွေကို ထမ်းဆောင်ပါတော့တယ် သူတို့ ဘာတွေ ဆက်ဖြစ်သွားမလဲ ဘယ်လို စစ်ဆင်ရေးတွေလုပ်ရမလဲဆိုတာကို ဒီဇာတ်ကားမှာ စောင့်ကြည့်ရမှာပါ

ဇာတ်လမ်းအကြောင်း