Butterfly Lovers
တစ်ချိန်က တရုတ်သိုင်းကားချစ်သူတို့အသဲစွဲ ကောကျင့်မင်းသား Hu Ge နဲ့ Fahrenheit အဖွဲ့ထဲက မင်းသားချော Wu Chun တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Old but gold တရုတ်အချစ်သိုင်းကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ လျန်ကျုဆိုတဲ့ လျန်ဆန်းပေါ် ကျုယင်းထိုင်တို့ဇာတ်လမ်းကိုမှ မူကွဲပုံစံလေးနဲ့ ရိုက်ကူးထားတာဖြစ်ပြီး ဘဝအဆက်ဆက် လွမ်းစရာဇာတ်သိမ်းနဲ့ကြုံခဲ့ရတဲ့ ချစ်သူနှစ်ဦးရဲ့ဇာတ်လမ်းကို တင်ဆက်ထားတာပါ။ ကျုယန်ကျီဟာ ကျုမိသားစုရဲ့ သူဌေးသမီးလေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အဖေဖြစ်သူက သိုင်းပညာသင်စေချင်တဲ့အတွက် ယန်ကျီကို ယောက်ျားလေးပုံစံဟန်ဆောင်ခိုင်းပြီး ရှောင်းယောင်တောင်မှာ ပညာသွားသင်ခိုင်းတာပေါ့။ ရှောင်းယောင်တောင်ကိုသွားတဲ့လမ်းမှာ သူ့ရဲ့အထုပ်ကို လုတဲ့ယမကာလုလင်နဲ့တွေ့ပြီး ပြဿနာတက်လိုက်သေးပေမဲ့ သူနဲ့အတူကြီးပြင်းလာတဲ့ အစ်ကိုမာကျေးဇူးနဲ့ပဲ ရှောင်းယောင်တောင်ကို ချောချောမွေ့မွေ့ ရောက်လာတာပေါ့။ အဲဒီမှာ သူလမ်းမှာတွေ့ခဲ့တဲ့ ယမကာလုလင်က ရှောင်းယောင်တောင်ရဲ့ တပည့်ကြီး လျန်ကျုံးဆန်းဆိုတဲ့သူဖြစ်နေပြီး မနူးမနပ်ကောင်လေး ယန်ကျီကို စနောက်ရာကနေ သူတို့ကြား ခံစားချက်တွေ တိုးပွားလာချိန် တစ်ဖက်က သူ့ကိုငယ်ငယ်ထဲက သဘောကျခဲ့တဲ့ မာချန်အန်းကလည်း ယန်ကျီကို အရယူဖို့ကြံစည်လာချိန်မှာတော့.... ကွာခြားလွန်းတဲ့အဆင့်အတန်း ပတ်ဝန်းကျင်ရဲ့ဖိအားတွေကြားက ချစ်လိပ်ပြာမောင်နှံရဲ့ ချစ်မေတ္တာဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်မလဲ ရှုစားကြပါဦး။ Filesize : 2.03 GB / 980 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action , Romance Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်လမ်းအကြောင်း