The Turin Horse
The Turin Horse (2011) IMDB : 7.7 Rotten Tomatoes : 87% Genre : Drama / Drama ၁၈၈၉ ဇန်နဝါရီ၃ရက်နေ့မှာ နိရှေးက တူရင်မြို့ရဲ့လမ်းမပေါ် ထွက်လာခဲ့တယ်။ အညောင်းပြေအညာပြေ လမ်းလျှောက်ထွက်တာလည်း ဖြစ်နိုင်သလို စာသွားယူဖို့ စာတိုက်ကို သွားတာလည်း ဖြစ်နိုင်တယ်။ သူနဲ့ သိပ်မဝေးတဲ့ တစ်နေရာမှာဖြစ်ဖြစ် သူအလှမ်းမမီနိုင်အောင် ဝေးတဲ့တစ်နေရာမှာဖြစ်ဖြစ် လှည်းသမားတစ်ယောက်က ခေါင်းမာလှတဲ့ သူ့မြင်းတစ်ကောင်နဲ့ ဒုက္ခများနေခဲ့တယ်။ သူဘယ်လောက်မောင်းမောင်း မြင်းက လှုပ်ကိုမလှုပ်လို့ လှည်းသမားက ဒေါသမထိန်းနိုင်တော့ပဲ မြင်းကို ကြာပွတ်နဲ့ ရိုက်မိခဲ့တယ်။ ဒီအဖြစ်ကို ဝိုင်းကြည့်နေတဲ့လူအုပ်ကြီးထဲ နိရှေးရောက်လာတဲ့အခါ ဒေါသခိုးတွေဝေနေတဲ့ လှည်းသမားရဲ့ ရက်စက်တဲ့ မြင်ကွင်းက အဆုံးသတ်သွားခဲ့တယ်။ ခန္ဓာကိုယ်ထွားကျိုင်းတောင့်တင်းပြီး အမွှေးအမျှင်သန်စွမ်းတဲ့ နိရှေးက မြင်းလှည်းဆီ ရုတ်တရက် ခုန်ဝင်လာပြီး မြင်းလည်ပင်းကို သူ့လက်နဲ့ သိုင်းဖက်ထားရင်း ရှိုက်ငိုနေခဲ့တယ်။ ဒီနောက် သူ့အိမ်နီးချင်းက သူ့ကို အိမ်ပြန်ခေါ်သွားခဲ့တယ်။ အိမ်ကိုပြန်ရောက်ပြီးတဲ့နောက် နိရှေးက သူ့ကုတင်ပေါ်မှာပဲ ငြိမ်ငြိမ်လေးလှဲပြီး တိတ်တိတ်လေး နေနေခဲ့တယ်။ သူမပြောမဖြစ်ပြောရမယ့် နောက်ဆုံးစကားကို မပြောခင်အထိပေါ့။ "အမေ ကျွန်တော်က အရူးပဲ"တဲ့။ ဒီနောက် သူက နောက်၁၀နှစ်လုံးလုံး သူ့အမေနဲ့ ညီမရဲ့ ဂရုစိုက်မှုအောက်မှာပဲ ယဉ်ယဉ်လေးရူးနေသလိုမျိုး နေနေခဲ့တယ်။ မြင်းအကြောင်းကိုတော့... ကျွန်တော်တို့ ဘာမှမသိရဘူး။ နိရှေးကို ရင်းနီးတဲ့လူတွေတော့ ဒီတူရင်မြင်းဇာတ်လမ်းကို ကြားဖူးပြီးသားပါပဲ။ ဒီဇာတ်လမ်းကို ကျွန်တော်စစသိတုန်းက မြင်းကို သနားခဲ့သလို လှည်းသမားကိုလည်း စာရိတ္တပုံပြင်တွေထဲက မကောင်းတဲ့ လူတစ်ယောက်လို မြင်ခဲ့မိတာပဲ။ Bela Tarrကတော့ ဒီထက်ပိုမြင်ခဲ့တယ်။ ဒီဇာတ်လမ်းရဲ့နောက်ဆက်တွဲမှာ နိရှေးဘာဖြစ်ခဲ့လဲ သူမသေခင်၁၀နှစ်အထိကို ကျွန်တော်တို့သိခဲ့ရပေမဲ့ ဒီဇာတ်လမ်းမှာ မြင်းဘာဖြစ်သွားလဲ ။ လှည်းသမား ဘာဖြစ်သွားလဲ ကျွန်တော်တို့ မသိခဲ့ရဘူး။ ဘယ်သူမှလည်း မသိနိုင်တော့ပါဘူး။ ဆိုပေမဲ့ Bela Tarrက ဒီမြင်းရဲ့နောက်ဆက်တွဲ ၆ရက်တာ ဇာတ်လမ်းကို မတူတဲ့အမြင်ကနေ ရိုက်ပြခဲ့တယ်။ အဲဒီဇာတ်လမ်းက ဒီဇာတ်လမ်းပါပဲ။ အဖွင့်ပြကွက်မှာ တူရင်မြို့က လှည်းမောင်းပြီး ပြန်လာတဲ့ လှည်းသမားအဘိုးကြီးနဲ့ မြင်းကို Long Shotနဲ့ စပြတယ်။ ဒီနောက် အဘိုးကြီး အိမ်ပြန်ရောက်လာတယ်။ လွင်တီးခေါင်က ရေတွင်းတစ်တွင်းနဲ့ အိမ်တစ်အိမ်ကိုပေါ့။ အဲဒီအိမ်မှာ အဘိုးကြီးရှိတယ်။ သူ့သမီးရှိတယ်။ မြင်းတစ်ကောင်ရှိတယ်။ မီးဖိုရှိတယ်။ အာလူးရှိတယ်။ အရက်ရှိတယ်။ ထမင်းစားစားပွဲရှိတယ်။ ကုတင်ရှိတယ်။ ပြတင်းပေါက်ရှိတယ်။ တူရင်မြင်းရဲ့နောက်ဆက်တွဲမှာ Bela Tarrက ဒီအိမ်နဲ့ ဒီအဘိုးကြီးသားအဖနဲ့ မြင်းတစ်ကောင်ရဲ့ နောက်ဆက်တွဲ၆ရက်တိတိကိုပဲပြထားတယ်။ ဒီ၆ရက်လုံးမှာ နောက်ဇာတ်ကောင်၃ကောင်ပဲ ပါတယ်။ တစ်ကောင်က နိရှေးရဲ့ နတ္ထိဝါဒကို ကိုယ်စားပြုတယ်လို့ ပြောရမယ့် ဧည့်သည်ဇာတ်ကောင်တစ်ကောင်။ တစ်ကောင်က ရေကြည်ရာမြက်နုရာရှာဖွေသူတစ်အုပ်။ တစ်ကောင်ကတော့ ဒီကာလတစ်လျှောက်တစ်လုံးမှာ တိုက်ခတ်နေတဲ့ လေပြင်းတွေ။ Bela Tarrကတော့ လေပြင်းကြောင့် ဒုက္ခများနေတဲ့ အဘိုးကြီးသားအဖရဲ့ဆင်းရဲဒုက္ခကြားမှာ ပေကပ်ကပ်မြင်းတစ်ကောင်ကြောင့် ဒုက္ခပိုများရပုံနဲ့ ဒီတူရင်မြင်းရဲ့ နောက်ဆက်တွဲကို တခြားအမြင်တစ်ခုနဲ့ ပုံဖော်ထားတယ်။ ကျွန်တော်ထင်ခဲ့သလို လှည်းသမားက ဇာတ်တော်ထဲက လူဆိုးမဟုတ်ခဲ့ဘဲ သူ့ဧည့်သည်ဇာတ်ကောင်ပြောသလို အကောင်းဆိုးရော အဆိုးရောမရှိတဲ့ကမ္ဘာလည်းဖြစ်နိုင်တယ်။ Bela Tarrကတော့ ဒီရုပ်ရှင်ဟာ လူ့ဖြစ်တည်မှုရဲ့ လေးလံခြင်းအကြောင်းလို့ ဆိုတယ်။ သူပြော " ကျွန်တော် ပထမဆုံးရုပ်ရှင်စစရိုက်တုန်းကတော့ ကျွန်တော်က ကမ္ဘာကြီးကိုပြောင်းလဲချင်ခဲ့တာ။ ပိုလှစေချင်ခဲ့တာ။ ဒီနောက်တော့ ပြဿနာတွေက ထင်သလောက်မရိုးရှင်းတာကို ကျွန်တော်သိလာရတယ်။ "လို့လည်း ပြောခဲ့တယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်ညွှန်းကိုတော့ Bela Tarrရဲ့ Satantango ရုပ်ရှင်ရဲ့ မူရင်းဝတ္ထုကိုရေးခဲ့တဲ့ မကြာသေးခင်က စာပေနိုဘယ်ဆုရထားတဲ့ စာရေးဆရာ László Krasznahorkaiနဲ့ Bela Tarrအတူတူရေးထားကြတယ်။Krasznahorkai နဲ့ စကားပြောရင်းပဲ ဒီဇာတ်လမ်းကို ရခဲ့တယ်။ Bela Tarrကတော့ သူ့ဝသီအတိုင်း ဒီ၂နာရီခွဲကြာ ရုပ်ရှင်ကို long take ၃၀နဲ့ပဲ ရိုက်ကူးထားတယ်။ နိရှေးရဲ့ဇာတ်လမ်းထဲမှာတင်မဟုတ်ဘဲ ဒီရုပ်ရှင်ထဲက တူရင်မြင်းကိုကလည်း ဝမ်းနည်းစရာဇာတ်ကောင်တစ်ကောင်ပါပဲ။ ပြောနိုင်တာကတော့ အဘိုးကြီးနဲ့ သူ့သမီးရဲ့ဘဝကတော့ ကျွန်တော့်အတွက် ပိုဝမ်းနည်းစရာကောင်းခဲ့တယ်။ အကဲဒမစ်ဆန်လှတဲ့ အတွေးအခေါ်တွေဟာ လက်တွေ့ဘဝကို စာနာဖို့ရာ ဘယ်တော့မှ မလုံလောက်နေမလားတော့ မပြောတတ်ပါဘူး။ File size… 3.3 GB / 2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 36m Genre ..... Drama / Drama Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း