ဇာတ်ကားများ ရွေးရန်

Spring, Again

2019ဇာတ်ကားအမှတ် 6.9/10104 မိနစ်

Spring, Again (2019) ဒီတစ်ခါမှာတော့ Dear X ထဲက Psychopath ကိုကို Hong Jonghyun ပါဝင်သရုပ်ဆောင်ထားတဲ့ Spring Again ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းအကျဥ်းကတော့ .. တစ်ကိုယ်တော်အမေတစ်ယောက်ဖြစ်တဲ့ သတင်းထောက် အွန်းဂျိုဟာ သမီးလေး ယယ်အွန်း အသတ်ခံလိုက်ရတဲ့ကိစ္စကြောင့် စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ သူ့လိုမျိုး ဘဝကို အဆုံးသတ်ချင်တဲ့သူတွေနဲ့ တိုင်ပင်ပြီး အတူတူ သတ်သေကြဖို့ လုပ်ခဲ့တာပါ ။ ဒါပေမဲ့ အဲဒီနေ့မှာပဲ ကြယ် ၇ လုံးကြွေတဲ့ ဖြစ်စဉ် ဖြစ်ပွါးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်တဲ့ အွန်းဂျိုကလည်း နောက်တစ်ရက်မှာ ပုံမှန်အတိုင်း နိုးလာခဲ့ပါတယ် ။ ဒါပေမဲ့ အဲဒီနောက်တစ်ရက်က ကုန်လွန်ခဲ့ပြီးတဲ့ မနေ့က ဖြစ်နေခဲ့တာပါပဲ ။ ဒီလိုနဲ့ အချိန်တွေက ရှေ့ကို စီးဆင်းရမဲ့ အစား နောက်ပြန်စီးဆင်းနေတဲ့အခါ အွန်းဂျိုတစ်ယောက် သူ့သမီးလေး အသတ်ခံရမဲ့ ဖြစ်စဉ်ကို ကာကွယ်နိုင်မှာလား ။ အတူတူ သတ်သေခဲ့တဲ့ အဖော်တွေထဲက “ စိတ်ဓာတ်ကျနေတဲ့ ဝက်ဝံရုပ်လေး “ အကောင့်ပိုင်ရှင်ကရော အွန်းဂျိုနဲ့ ဘယ်လိုဆက်စပ်နေတာလဲ ။ နောက်ဆုံးမှာ အချိန်က ပုံမှန်အတိုင်း ပြန်လည်စီးဆင်းသွားမှာလားဆိုတာကိုတော့ Spring Again ရုပ်ရှင်လေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါနော် ။ သတင်းထောက် အွန်းဂျိုနေရာမှာတော့ One dollar lawyer , Celebrity စတဲ့ ဇာတ်လမ်းတွဲတွေထဲက မမလှလှ Lee ChungAh နဲ့ စိတ်ဓာတ်ကျနေတဲ့ ဝက်ဝံရုပ်လေး အကောင့်ပိုင်ရှင် ဂျီဟိုမင်းနေရာမှာတော့ Dear X , Moonlover တို့မှာ နာမည်ကြီးခဲ့တဲ့ Hong Jonghyun က ပါဝင်သရုပ်ဆောင်ထားပါတယ် ။ File size…1.33GB / 609MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 44 min. Genre ….. Psychological, Romance, Family, Fantasy Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း