ဇာတ်ကားများ ရွေးရန်

Doctor Strange in the Multiverse of Madness

2022ဇာတ်ကားအမှတ် 7.4/10126 မိနစ်4K

WandaVision ဇာတ်လမ်းတွဲအပြီးကနေ ဆက်ထားတဲ့ ဒီဇာတ်လမ်းမှာ စကားလက်ဝစ်ချ်၊ ကြက်သွေးရောင်စုန်းမ ဖြစ်လာတဲ့ ဝန်ဒါက တစ်ယောက်တည်း နေထိုင်နေပါတယ်။ တစ်ဖက်မှာ ဒေါက်တာစထရိန့်ဂျ်ဟာ အပြိုင်စကြဝဠာတွေကြား ကူးသန်းနိုင်ဖို့ ပေါ်တယ်တံခါး ဖွင့်ပေးနိုင်စွမ်းရှိတဲ့ အမေရိကချားဗက်စ်ဆိုတဲ့ ကလေးမလေးနဲ့ တွေ့ဆုံလာတယ်။ ကလေးမလေးကို နတ်ဆိုးတစ်ကောင် လိုက်ဖမ်းနေကြောင်း သိလိုက်ရတဲ့အခါ ဒေါက်တာစထရိန့်ဂျ်က ဝန်ဒါမက်ဆီမော့ဖ်ဆီ အကူအညီတောင်းဖို့ ရောက်လာပါတယ်။ အဲဒီကနေ အပြိုင်စကြဝဠာတွေတစ်လျှောက် ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့ တိုက်ပွဲတွေ စတင်လာတော့တယ်။

ဇာတ်လမ်းအကြောင်း