Stay
စိတ်ရောဂါကုဆရာဝန် ဆမ်ဖော်စတာဆီကို စိတ်ဓာတ်ကျရောဂါ ခံစားနေရတဲ့ အနုပညာကျောင်းသား ဟင်နရီ ရောက်လာပါတယ်။ ဟင်နရီနဲ့ပတ်သက်တဲ့ အခြေအနေတွေက တစ်ခုပြီးတစ်ခု ထူးဆန်းနေတယ်။ အနာဂတ်ကို ကြိုပြောနိုင်တာမျိုး ရှိသလို ဆမ်နဲ့ တခြားသူတွေရဲ့ အကြောင်းတချို့ကိုလည်း ဘယ်သူမှ မပြောပြဘဲ သိနေပါတယ်။ သုံးရက်အတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တော့မယ်လို့ ဟင်နရီက ပြောလာတဲ့အခါ ဆမ်ဟာ သူ့ကို ကယ်တင်ဖို့ ကြိုးစားရတော့တယ်။ ဟင်နရီရဲ့ အတွေးကမ္ဘာထဲက အတုအယောင်တွေကနေ ဆွဲထုတ်ဖို့ ကြိုးစားနေရင်း ဆမ်ကိုယ်တိုင်လည်း ကိုယ့်ဖြစ်တည်မှုဟာ အစစ်အမှန် ဟုတ်ရဲ့လားလို့ သံသယဝင်လာပါတယ်။ ဘာက တကယ်ဖြစ်နေတာလဲ၊ ဘာက စိတ်ရဲ့လှည့်စားမှုလဲဆိုတာ ဝေခွဲရခက်လာတဲ့ကြားမှာ ဟင်နရီ့ကို သူ ကယ်တင်နိုင်ပါ့မလား။ Ryan Gosling နဲ့ Ewan McGregor တို့ ပါဝင်ထားတဲ့ လျှို့ဝှက်သည်းဖို ဒရာမာကားပါ။
ဇာတ်လမ်းအကြောင်း