ဇာတ်ကားများ ရွေးရန်

The Last Picture Show

1971ဇာတ်ကားအမှတ် 7.6/10119 မိနစ်

လွန်ခဲ့တဲ့ ၇၀ ပြည့်နှစ်တွေမှာ အမေရီကန်နိုင်ငံရဲ့ မြို့ငယ်လေးတွေရဲ့ ဆယ်ကျော်သက်လူငယ်တွေ ဘယ်လိုနေထိုင်မှုရှိခဲ့လဲဆိုတာကို ဒီကားလေးမှာ ကြည့်ရမှာပဲ ဖြစ်ပါတယ် ဆန်နီဆိုတဲ့ ကောင်လေးဟာ အထက်တန်းကျောင်းသားဖြစ်ပြီးတော့ အချိန်ပိုင်း အလုပ်ကို လုပ်ကိုင်နေတဲ့ ကောင်လေးဖြစ်ပါတယ် အဲဒီအပြင် သူက သူ့သူငယ်ချင်း ဒွိန်းရဲ့ ကောင်မလေးဖြစ်သူ ဂျေစီကို တိတ်တခိုးလည်း ကြိုက်နေမိပါတယ် အဲဒီလိုနဲ့ တစ်ရက်မှာတော့ သူတို့ရဲ့  အားကစားနည်းပြက သူ့ရဲ့ အမျိုးသမီးကို ဆေးခန်းလိုက်ပို့ဖို့ ဆန်နီ့ကို ခိုင်းခဲ့ရာကနေ အဲဒီအမျိုးသမီးကို အားပေးရင်းနဲ့ ဇာတ်လမ်းတွေဖြစ်ခဲ့ပါတယ် အဲဒီလိုတွေဖြစ်တာကနေ သူတို့ရဲ့ လူမှုရေးတွေ ဘယ်လိုဖြစ်ကုန်မှာလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း