Claire's Knee
Claire's Knee (1970) IMDB : 7.5 Rotten Tomatoes : 96% Genre : Romance / Comedy Eric Rohmerရဲ့ Six Moral Tales ခြောက်ကားတွဲထဲက တစ်ကားဖြစ်တဲ့ Claire's Kneeဟာ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို ခံခဲ့ရသလို ပြင်သစ်မှာ Best Film ဆုတွေလည်း ဘာတွေလည်းရခဲ့တယ်။ တခြားဆုတွေရောပေါ့။ ဆိုပေမဲ့ ဒီလို အကောင်းမြင်တဲ့သူများနေခြင်းဟာ ဒီကားရဲ့ ပြဿနာလည်းဖြစ်နိုင်သလို ဒီကားက မေးခွန်းထုတ်နေတဲ့ Moralရဲ့ အဖြေလည်း ဖြစ်နိုင်တယ်။ သတ်လတ်ပိုင်း ပြင်သစ်လူမျိုးတစ်ယောက်က ပြင်သစ်မှာ မနေဖြစ်တော့ဘူးဆိုပြီး ပြင်သစ်က သူ့ဇာတိက အိမ်ကိုရောင်းဖို့ ပြင်သစ်ကို ခဏပြန်လာခဲ့တယ်။ အဲဒီမှာ သူက သူ့သူငယ်ချင်းစာရေးဆရာမနဲ့ မထင်မှတ်ဘဲ တွေ့ခဲ့တယ်။ သူ့သူငယ်ချင်းစာရေးဆရာမကလည်း သူရောင်းမယ့် အိမ်နားမှာပဲ လက်ရှိနေနေတာ။ ဒီတော့ အိမ်ကို ရောင်းဖို့စီစဉ်စရာရှိတာ စီစဉ်နေတုန်း တစ်လမှာ သူက အဲဒီအိမ်မှာ သွားနေနေခဲ့တယ်။ အဲဒီလိုနေရင်း သူ့သူငယ်ချင်းရဲ့ အသိရဲ့သမီးတွေနဲ့ သူတွေ့ခဲ့ရတယ်။ ၁၆ ၁၇ ကလေးမလေးတွေပေါ့။ ကလေးမလေးတစ်ယောက်က သူ့ကို သဘောကျနေတာကို သူ့သူငယ်ချင်းစာရေးဆရာမကို သွားပြောပြထားတယ်။ သူလည်းသိနေတယ်။ နောက် ကလေးမတွေနဲ့ သူ့ကြားက ရိုမန့်တစ်လား သာယာမှုလား ဝေဝါးမှုလား ထိန်းကျောင်းမှုလား ပြောရခက်တဲ့အခြေအနေတွေပေါ့။ Claire's Kneeနဲ့ပတ်သက်ပြီး ပီဒိုကားလို့ ပြောကြတဲ့ အမြင်တွေကိုလည်း မြင်ရပေမဲ့ ဟုတ်သလိုလိုလည်း ရှိပေမဲ့ ဒါရိုက်တာကတော့ တော်တော်လေး လူလည်ကျသွားခဲ့တယ်။ သူ့ဇာတ်ကောင်ရဲ့ သူ့ကိုယ်သူ အဖတ်ဆည်မှုကနေ သူပြနေတာ ပီဒိုကားဟုတ်ချင်လည်းဟုတ်မယ် မဟုတ်ချင်လည်းမဟုတ်ဘူးပေါ့ဆိုတဲ့ ပုံစံမျိုးနဲ့ ထိန်းသွားတယ်။ ဆိုလို့ ဒီကားကို ကျွန်တော့်အနေနဲ့ ပီဒိုကားစစ်စစ်လို့ မြင်တယ်လို့တော့ မဟုတ်ဘူးပေါ့။ လူ့စိတ်ခံစားချက်နဲ့ ကိုယ်ကျင့်တရားနဲ့ အမှန်နဲ့အမှားကြားက ပြဿနာတွေက လုပ်ရပ်တစ်ခု အခြေအနေတစ်ခုနဲ့ အကဲဖြတ်ဖို့သိပ်ခက်တယ်။ ဒီကားမှာလည်း ဒါကိုပြသွားတယ်။ ဆိုပေမဲ့လို့ အကဲဆတ်တဲ့လူတွေတော့ အလကားနေ ဒေါသအဖြစ်ခံပြီး မကြည့်သင့်တာတော့ သတိပေးချင်တယ်။ လိင်မှုခန်းမပါပေမဲ့ ပြဿနာရှိကောင်းရှိနိုင်တယ်။ ဆိုပေမဲ့လို့ ဒီလိုဆက်ဆံရေးမျိုးတွေက အပြင်မှာလည်း မြင်နေရတယ်ဆိုတော့ ရိုးမားက ဇာတ်ကောင်ရဲ့အတွေးတွေကို တင်ပြထားတာမို့ အဲဒီလိုဆက်ဆံရေးမျိုးရှိနေရင်တော့ ကြည့်ကြည့်သင့်တယ်။ တစ်ချို့တွေဆို Rohmerဒီထဲ တင်ပြတဲ့ပုံက အမှန်ပဲလို့ပြောကြတာမြင်တယ်။ လိင်မှုမဖြစ်သရွေ့ စည်းခြားထားသရွေ့တော့ ပြဿနာမရှိဘူးလို့ မြင်ကြတာတွေလည်း ရှိတယ်။ ဆိုပေမဲ့ သိကြသလိုပဲ လူတိုင်းအတွက် မဟုတ်ဘူး။ အနောက်နိုင်ငံတွေမှာတောင် ဒီကားက အခြေအနေကို လက်ခံပေးဖို့ ပြဿနာရှိတယ်ဆိုတော့ ဒီမှာဆိုပိုဆိုးလိမ့်မယ်။ Six Moral Tales ခြောက်ကားလုံးမှာ Rohmerက အချစ်နဲ့ Moralကြားက ဝေဝါးမှုကို တင်ပြထားတယ်။ ပြောရရင် ယောက်ျားနဲ့မိန်းမကြားက စိတ်ခံစားချက်တွေကို တင်ပြထားတယ်။ ယောက်ျားနဲ့မိန်းမကြားက ခံစားချက်ပြဿနာတွေ အချစ်ပြဿနာတွေကို အမြင်တစ်ခုကနေ မြင်ချင်ရင် Rohmerကားတွေ ကြည့်ကြည့်သင့်တယ်။ ဖောက်ပြန်မှု ဖြစ်ခြင်း မဖြစ်ခြင်း၊ အချစ် ဖြစ်ခြင်း မဖြစ်ခြင်း၊ ခင်မင်မှုနဲ့ အချစ်ကြားက ဝေဝါးမှုလို အရာတွေအပြင် ယောက်ျားမိန်းမကြားက စိတ်ခံစားချက်နဲ့ပတ်သက်တဲ့ အခြေအနေတာ်တော်များများကို Six Moral Tales ခြောက်ကားမှာ Rohmerက တင်ပြထားတယ်။ လူဟာ ထိန်းကျောင်းရတဲ့ သတ္တဝါပါပဲ။ စိတ်ဆိုတာကတော့ ထိန်းကျောင်းလို့မရနိုင်ဘူး။ အထိန်းလွန်သွားပြီး အခန့်မသင့်လို့ လွတ်တဲ့တစ်နေ့လုံး ကမှူးရှူးထိုးဖြစ်သွားနိုင်တယ်။ ဘဝတစ်ခုလုံးက လောင်းကစားပွဲတစ်ပွဲလည်းဖြစ်နိုင်တယ်။ ဆုတ်သင့်တဲ့အခါဆုတ် ထိုးသင့်တဲ့အခါထိုး အောသင့်တဲ့အခါအော အရွှေ့မှားရင်တော့ စုတ်ပြတ်သတ်သွားနိုင်တယ်။ အထိန်းအကျောင်းကို လိပ်ပြာကို Rohmerက ကောင်းကောင်းသင်ပေးနိုင်မယ်လို့ ကျွန်တော်တော့ထင်တယ်။ File size… 3.2 GB / 2.6 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 45m Genre ..... Romance / Comedy
ဇာတ်လမ်းအကြောင်း