Forgotten
Forgotten (2017) ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့် ရုပ်ရှင်ကားကတော့ ၂၀၁၇ခုနှစ်မှာ ပြသခဲ့တဲ့ Forgotten ဆိုတဲ့ Thriller/Mystery အမျိုးအစားဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဒါရိုက်တာ Jang Hang-jun ရိုက်ကူးပုံဖော်ထားပြီး Kang Ha-neulနဲ့ Kim Mu-yeolတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဂျင်ဆော့ (Kang Ha-neul)တို့ မိသားစုလေးယောက် အိမ်အသစ်ကိုပြောင်းပြီး နောက်ပိုင်း ထူးဆန်းစရာတွေကို ကြုံတွေ့ခဲ့ရတယ်။ ဂျင်ဆော့အတွက် အိမ်အသစ်ကို ရင်းနှီးနေသလို ခံစားနေရပြီး အိမ်ထဲက ပိတ်ထားတဲ့ အခန်းထဲကနေ ထူးဆန်းတဲ့အသံတွေကို တောက်လျှောက်ကြားနေခဲ့ရတယ်။ ဒီလိုနဲ့ မိုးညတစ်ညမှာ အစ်ကိုဖြစ်သူ ယူဆော့ (Kim Mu-yeol)နဲ့အတူ လမ်းလျှောက်ထွက်ရင်း ယူဆော့က ပြန်ပေးဆွဲခံလိုက်တယ်။ ရဲတိုင်ခဲ့ပေမဲ့ အစ်ကိုကို ရှာမတွေ့တာကြောင့် စိုးရိမ်ပူပန်လာတဲ့ ဂျင်ဆော့တို့ မိသားစုဆီကို ၁၉ရက်အကြာမှာတော့ ယူဆော့က အကောင်းအတိုင်း ပြန်ရောက်လာခဲ့တယ်။ အစ်ကိုဖြစ်သူ အိမ်ပြန်ရောက်ပြီးနောက်ပိုင်း ထူးဆန်းတာတွေ ပိုပြီး ဖြစ်ပျက်လာခဲ့တယ်။ ဘယ်ခြေမသန်စွမ်းဖြစ်နေတဲ့ အစ်ကိုက ညာခြေထော့ပြီး လမ်းလျှောက်တာ၊ ညဘက်တွေဆို အစ်ကိုက အိမ်ထဲကနေ ထွက်သွားတာ၊ ထူးဆန်းတဲ့အသံတွေကြားနေရတာတွေကြောင့် ဂျင်ဆော့တစ်ယောက် အစ်ကိုဖြစ်သူယူဆော့ကို နောက်ယောင်ခံလိုက်ပါတော့တယ်။ နောက်ယောင်ခံလိုက်ရင်း လူဆိုးတွေနဲ့ တွေ့တဲ့အခါ ထွက်ပြေးပုန်းခိုရင်း မနက်ရောက်တဲ့အခါ ဂျင်ဆော့ရော ယူဆော့ရော အိပ်ခန်းထဲ ပြန်ရောက်နေတာကို တွေ့လိုက်ရတယ်။ ဒီလိုမူမမှန်တာတွေကြောင့် ဂျင်ဆော့က သူ့အစ်ကိုယူဆော့က အစ်ကိုအရင်းမဟုတ်တော့ဘူးလို့ သံသယဝင်လာပြီး အမေဖြစ်သူနဲ့အတူ ယူဆော့ရဲ့ သရုပ်မှန်ကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာတော့... တကယ်ပဲ ယူဆော့က လူပြောင်းသွားခဲ့တာလား၊ အမေဖြစ်သူကရော ဂျင်ဆော့ပြောတာကို ယုံကြည်ပေးမှာလား၊ ပြောင်းလာတဲ့အိမ်အသစ်မှာရော ဘယ်လိုဇာတ်ကြောင်းတွေရှိနေမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size - 1.2 GB/ 570 MB Quality - Bluray 1080p/ 720p Duration - 1h 49m Format - mp4 Genre - Crime, Mystery, Thriller Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း