ဇာတ်ကားများ ရွေးရန်

Broken Embraces

2009ဇာတ်ကားအမှတ် 7.1/10127 မိနစ်

Broken Embraces (2009) IMDb Rating (7.2) / Rotten Tomatoes (82%) Pedro Almodóvar ရဲ့ လက်ရာဆိုမှတော့ ရိုးရိုးရှင်းရှင်း အချစ်ဇာတ်လမ်းတစ်ပုဒ် မဟုတ်တာ သေချာပါတယ်။ အရောင်တွေ တောက်ပြောင်မယ်၊ ခံစားချက်တွေက ရင်ဘတ်ထဲအထိ စူးဝင်မယ်၊ ပြီးတော့ လှပလွန်းတဲ့ နာကျင်မှုတွေကို မြင်ရမယ်ပေါ့။ ဒီကားလေးဟာဆိုရင် "အတိတ်က ပုံရိပ်တွေကို အမှောင်ထဲကနေ စမ်းတဝါးဝါး ပြန်ရှာပုံတော်ဖွင့်ခြင်း" လို့ ဆိုရမလားပါပဲ။ ဇာတ်လမ်းက Harry Caine ဆိုတဲ့ မျက်မမြင် စာရေးဆရာကြီးတစ်ယောက်ဆီက စပါတယ်။ သူဟာ အခုလက်ရှိမှာ အမြင်အာရုံတွေ ဆုံးရှုံးနေပေမယ့် သူ့ရဲ့ အတိတ်မှာတော့ Mateo Blanco ဆိုတဲ့ နာမည်နဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် တောက်ပခဲ့ဖူးသူပါ။ သူ့ဘဝရဲ့ အချိုးအကွေ့၊ သူ့မျက်လုံးတွေရဲ့ အလင်းရောင်၊ သူ့နှလုံးသားရဲ့ အရှင်သခင်မ... အဲဒါကတော့ Lena ပါပဲ။ Lena အဖြစ် သရုပ်ဆောင်တဲ့ Penélope Cruz ရဲ့ အလှက ဒီကားထဲမှာ တကယ့်ကို မှင်သက်စရာ၊ ဒါပေမဲ့ သူမက Ernesto Martel ဆိုတဲ့ ကြွယ်ဝချမ်းသာပြီး သိပ်ကို သဝန်တိုတတ်တဲ့ သူဌေးကြီးရဲ့ "ရွှေလှောင်အိမ်" ထဲက ငှက်ကလေး ဖြစ်နေခဲ့တယ်။ ကံကြမ္မာက Mateo နဲ့ Lena ကို ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ ဆုံစည်းပေးလိုက်တဲ့အခါ တားဆီးမရတဲ့ ချစ်ခြင်းမေတ္တာမီးတောက်တွေ လောင်ကျွမ်းလာပါတော့တယ်။ ဒါပေမဲ့ ဒီအချစ်က အန္တရာယ်များလွန်းတယ်။ Ernesto Martel ရဲ့ အရိပ်မည်းကြီးက သူတို့နောက်ကို ထပ်ကြပ်မကွာ လိုက်နေခဲ့တာကိုး။ ဒီကားက ဇာတ်လမ်းထဲမှာ ဇာတ်လမ်းထပ်ရှိတဲ့ ပုံစံမျိုး (Film within a film) တင်ဆက်ထားပြီး၊ အတိတ်နဲ့ ပစ္စုပ္ပန်ကို လှလှပပ ချိတ်ဆက်ပြထားပါတယ်။ ပြတ်တောက်သွားတဲ့ ပွေ့ဖက်မှုတွေဆိုတာ ဘာလဲ? Harry Caine ဆိုတဲ့ နာမည်အသစ်အောက်မှာ Mateo Blanco ဆိုတဲ့ လူတစ်ယောက် ဘာလို့ ပုန်းအောင်းနေရတာလဲ? စုတ်ဖြဲခံလိုက်ရတဲ့ ဓာတ်ပုံတစ်ပုံလိုပဲ သူတို့ရဲ့ အချစ်ဇာတ်လမ်းကရောဆက်လို့ ရနိုင်ပါဦးမလား? Thriller ဆန်ဆန်၊ Romance ဆန်ဆန်နဲ့ Noir ကာလာတွေ လွှမ်းခြုံထားတဲ့ ဒီကားလေးက ရုပ်ရှင်ချစ်သူတွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ ပန်းချီကားတစ်ချပ်ပါပဲ။ (18+ အခန်းတချို့နှင့် ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (2.3 GB) / (1.1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance,Thriller Duration…. 02:07:29 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း