ဇာတ်ကားများ ရွေးရန်

An Autumn Afternoon

1962ဇာတ်ကားအမှတ် 7.9/10113 မိနစ်

An Autumn Afternoon ( 1962 ) IMDB : 8 Rottern Tomatoes : 95% Genre : Drama / Drama ဂျပန်ရုပ်ရှင်တွေဟာ ဘယ်စီနီမာနဲ့မှ မတူတဲ့ သီခြားဓာတ်တစ်ခုရှိနေတဲ့ ရုပ်ရှင်တွေပဲ။ ဂျပန်ရုပ်ရှင်ကနေ အာရှကနေ ဟောလိဝုဒ်အထိ ပြန်မှီးရတာတွေများပေမဲ့ သူက ကိုရီးယားတို့ ဘာတို့လိုတော့ လူများစုအကြိုက်တော့ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး။ ပေါကြောင်ကြောင် ဂျပန်ကားတစ်ကားဆိုရင်တောင်မှပဲ ဂျပန်ရုပ်ရှင်ဆိုတဲ့ ဓာတ်က အနည်းနဲ့အများတော့ ပါသေးတယ်။ ကျန်တဲ့ အာရှပရိသတ်တွေအတွက် အဝင်ခက်မယ့် ဒီလိုရုပ်ရှင်တွေကို ဂျပန်တွေကတော့ ကြည့်နိုင်တယ်။ အလုပ်တွေထဲ ဖွင့်ပြတတ်တဲ့ ရှော့ဖလင်တွေကအစ ဒီလိုအငွေ့အသက်မျိုးပဲလို့ ကြားဖူးတယ်။ ဒါလည်း သူတို့တွေ ကြည့်နိုင်ကြတာပါပဲ။ သူတို့လူမျိုးတွေတော့ အားပေးသေးလို့ ဒီပုံစံအတိုင်းပဲ ထိန်းသိမ်းပြီး ဆက်ရိုက်နေနိုင်သေးတာလည်း ဖြစ်နိုင်တယ်။ ဂျပန်အငွေ့အသက်စစ်စစ်ရတဲ့ ဂျပန်ရုပ်ရှင်ဆိုရင် အိုဇုကို ကျွန်တော်တို့ ထိပ်ဆုံးက ထားရမှာပဲ။ ဂျပန်အငွေ့အသက်ဆို အိုဇုနဲ့ ကင်းလို့မရတာ ဂျပန်စီနီမာနဲ့ ကျွမ်းဝင်တဲ့သူတွေ သိပြီးသားကိစ္စပါပဲ။ Win Wendersရဲ့ Perfect Daysမှာတောင် အဓိကဇာတ်ကောင်ကို အိုဇုရုပ်ရှင်တွေက ဇာတ်ဆောင်နာမည်ဖြစ်တတ်တဲ့ ဟိရာယာမဆိုတဲ့ နာမည်ကို ပေးပြီး အိုဇုကို ဂုဏ်ပြုထားသေးတယ်။ Win Wendersဟာ အိုဇုကို တော်တော်အရူးအမူးကြိုက်ခဲ့တဲ့သူလည်းဟုတ်တယ်။ ဆိုပါစို့။ ဂျပန်ဒါရိုက်တာမဟုတ်တဲ့ ဒါရိုက်တာက ဂျပန်သရုပ်ဆောင်တွေချည်းသုံးပြီး ဂျပန်မှာ လာရိုက်လည်း အဲဒီကားက ဂျပန်ကားစစ်စစ်လို့ ခံစားရမှာမဟုတ်ဘူး။ ထိုနည်းလည်းကောင်း ဂျပန်ဒါရိုက်တာတွေ တရုတ်တို့ ကိုရီးယားတို့ ဟောလိဝုဒ်တို့မှာ သွားရိုက်တာတွေကလည်း သူတို့ရိုက်နေကျ ဂျပန်ကားတွေနဲ့မတူတော့ဘူး။ သူတို့ဟန်ကို သူတို့ ဒီနေ့ထက်ထိ ထိန်းထားတဲ့ စီနီမာကလူတွေလို့ပြောရမယ်။ ဒီထဲမှာမှ အိုဇုက မိတ်အင်ဂျပန်ဆိုတဲ့ အနေအထားအဖြစ်ဆုံးပဲ။ ခေတ်ပြိုင်တွေထက်ရော ဒီနေ့ထက်ထိရောပေါ့။ သူ့ကိုမှီးရတဲ့ ဒါရိုက်တာတွေလည်း မနည်းဘူး။ဒီရုပ်ရှင်ကတော့ အိုဇုမသေခင် နောက်ဆုံးရိုက်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ ဇာတ်လမ်းကတော့ ဘာမှတော့မဟုတ်ဘူး။ အဖေတစ်ယောက်က သူ့သမီးကို အရွယ်ရောက်လို့ အိမ်ထောင်ချပေးဖို့ စီစဉ်ရင်း မျက်ရည်စက်လက်ဖြစ်ရတဲ့ အကြောင်းပေါ့။ သူ့သမီးရဲ့မင်္ဂလာဆောင်ဟာ သူ့အတွက် လှပမှုနဲ့ ဝမ်းနည်းမှု ဒွန်တွဲနေတဲ့ မျက်ရည်စက်လက်ရှုမျှော်ခင်းဖြစ်ရတဲ့ အကြောင်း သက်သက်ပဲ။ မိသားစုထဲ မင်္ဂလာဆောင်တွေက ရှိနေမှာပဲဆိုတော့ ဒီဇာတ်လမ်းက အားလုံးထိခတ်လောက်တယ်။ အထူးသဖြင့် အဖေအို အမေအိုကြီးတွေ ပိုထိခတ်လောက်မယ်။ ရုပ်ရှင်ထဲက ဘဝဟာ လက်တွေ့ဘဝဖြစ်နေသလို ပြနိုင်တဲ့ အိုဇု ရိုက်ထားတာဆိုတော့ ပူစရာတော့ မလိုဘူး။ တစ်ခုရှိတာက ရုပ်ရှင်ကို ဘာလို့ လက်တွေ့ဘဝနဲ့တူတဲ့ ရုပ်ရှင်တွေကို အနုပညာပိုမြောက်တယ်လို့ မြင်လဲဆိုတာပေါ့။ အနုပညာရဲ့အလုပ်ဟာ လူကို ချစ်တတ်လာအောင်ဖြစ်ဖြစ် နေပျော်လာအောင်ဖြစ်ဖြစ် နှလုံးသားတွေကို ပိုနူးညံ့လာအောင်ဖြစ်ဖြစ် လုပ်ပေးဖို့လို့ပဲလို့ ကျွန်တော်တို့ဟာ နူးညံ့လို့ လူကောင်းတွေမို့ ဒီလိုရုပ်ရှင်တွေကနေ ပိုချစ်တတ်လာအောင် သင်တယ်ဆိုတာထက် ကျွန်တော်တို့ဟာ ကြမ်းတမ်းတဲ့ ရက်စက်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အတ္တကြီးတဲ့ လူမဆန်တဲ့လူတွေမို့ မာကျောတဲ့ ဒီစိတ်တွေ နူးညံ့လာအောင် လူဆန်တတ်လာအောင် ဒီလိုရုပ်ရှင်တွေကြည့်နေရတာပါပဲ။ အကောင်းမမြင်တတ်တဲ့ ကျွန်တော်တို့ နည်းနည်းလောက် အကောင်းမြင်လာတတ်ရင်တောင် ပိုလှကောင်းလှသွားနိုင်တယ်။ File size… 2.1 GB / 1.5 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 53m Genre ..... Drama / Drama Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း