One Nite in Mongkok
ဒီဇာတ်ကားလေးကတော့ ၂၀၀၄ မှာ ထွက်ရှိခဲ့ပြီး Daniel Wu အပါအဝင် နာမည်ကျော်တရုတ်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့အပြင် ဟောင်ကောင်ညရဲ့ နီယွန်မီးတွေအောက်မှာ ရိုက်ကူးထားတဲ့ ဆွတ်ပျံ့လွမ်းဆွေးဖွယ်ရာ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လိုင်ဖူ (Daniel Wu) ဆိုတဲ့ကောင်လေးဟာ ကြေးစားလူသတ်သမားဟာ ဂိုဏ်းတစ်ခုက ပြိုင်ဘက်ဂိုဏ်းခေါင်းဆောင်ရဲ့သားကို သတ်ခိုင်းဖို့ သူ့ကိုငှားခဲ့တဲ့အတွက် ဟောင်ကောင်ကို ရောက်ချလာပါတော့တယ်။ တစ်ဖက်မှာလည်း လူသတ်သမား ဟောင်ကောင်ကိုရောက်လာတယ်လို့ သတင်းပေးဆီက သိထားရတဲ့ အရာရှိ မိုင်လို ဦးဆောင်တဲ့ရဲတပ်ဖွဲ့ကလည်း ဂိုဏ်းချင်းတိုက်ပွဲကြောင့် အသက်အများကြီး ထပ်ဆုံးရှုံးရပြီး သွေးချောင်းစီးမဲ့အဖြစ်မျိုး မဖြစ်ရလေအောင် တားဆီးဖို့ လိုင်ဖူကို အသည်းအသန် ကြိုးစားရှာနေကြပါတယ်။ လိုင်ဖူကလည်း ဟောင်ကောင်ကိုရောက်ပြီး ကံကြမ္မာက အကြောင်းဖန်လာလေတော့ အကြမ်းဖက်ခံနေရတဲ့ ပြည့်တန်ဆာမလေးတစ်ယောက်နဲ့ ကြုံကြိုက်မိပြီး မနေနိုင်လို့ ဝင်ကယ်ရာကနေ ဒီပြည့်တန်ဆာမလေးကို လမ်းမေးရာက သူမက ကျေးဇူးတင်လို့ သူ့ကို လမ်းပြဖို့ လိုက်ပို့ပေးရာက နှစ်ယောက်သား ဟောင်ကောင်တစ်ခွင် အတူသွားလာဖြစ်ခဲ့ပါတော့တယ်။ ဒီတော့ ဟောင်ကောင်မြို့ပြရဲ့ နီယွန်မီးရောင်တွေကြားမှာ ပစ်မှတ်ကိုလိုက်ရှာနေတဲ့ ကြေးစားလူသတ်သမားနဲ့ ကံခေလို့ ပြည့်တန်ဆာဘဝရောက်ရတဲ့ကောင်မလေးတို့ ဘယ်လိုရှေ့ဆက်ကြမလဲ၊ သူတို့လမ်းခရီးက ဘယ်လိုအဆုံးသတ်မလဲဆိုတာကို လွမ်းဆွယ်ဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း