ဇာတ်ကားများ ရွေးရန်

Jurassic World Dominion

2022ဇာတ်ကားအမှတ် 6.8/10147 မိနစ်4K

Jurassic World ရဲ့ ပထမကားမှာ ပန်းခြံပျက်စီးသွားခဲ့ပြီး ဒုတိယကားမှာတော့ ဒိုင်နိုဆောတွေ ကမ္ဘာအနှံ့ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီတတိယကားက ဒိုင်နိုဆောတွေနဲ့ ဒီအန်အေတူတဲ့ ဧရာမကျိုင်းကောင်တွေ ပေါ်လာပြီး လယ်ကွင်းတွေကို ဖျက်ဆီးနေတဲ့ ပြဿနာနဲ့ စထားပါတယ်။ အိုဝင်နဲ့ ကလယ်ရာတို့ကလည်း ချားလော့ရဲ့ ကလုန်းကောင်မလေး မေစီကို ကယ်တင်လာပြီး လူတွေနဲ့ဝေးတဲ့နေရာမှာ ဖွက်ထားကြတယ်။ ဒါပေမဲ့ မေစီကို လူတစ်စုက ဖမ်းခေါ်သွားသလို ရပ်ပ်တာမကြီး ဘလူးရဲ့ ကလေးကိုလည်း ဖမ်းသွားကြပါတယ်။ အိုဝင်တို့စုံတွဲက မေစီနဲ့ ဘလူးရဲ့ကလေးကို ကယ်ဖို့ လိုက်လာကြတယ်။ တစ်ဖက်မှာလည်း သိပ္ပံပညာရှင် သူငယ်ချင်းနှစ်ယောက်က ကျိုင်းကောင်တွေကို မျိုးဗီဇပြောင်းထားတဲ့ တရားခံကို ရှာနေကြပါတယ်။ သူတို့ ပူးပေါင်းမိလာတဲ့အခါ စွန့်စားခရီးကို အတူဆက်ကြရပါတော့တယ်။

ဇာတ်လမ်းအကြောင်း