ဇာတ်ကားများ ရွေးရန်

The Travellers

2025ဇာတ်ကားအမှတ် 5.6/1097 မိနစ်

The Travellers (2025) ++++++++++++ ဒီရုပ်ရှင်ဟာ မိသားစုသံယောဇဉ်နဲ့ ဘဝရဲ့ အလှည့်အပြောင်းတွေကို ရသစုံလင်စွာ တင်ဆက်ထားတဲ့ Drama အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အောင်မြင်ကျော်ကြားတဲ့ အော်ပရာဇာတ်ခုံဒီဇိုင်းပညာရှင် Stephen Seary ဟာ ဥရောပကနေ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဩစတေးလျနိုင်ငံက မြို့လေးတစ်မြို့ကို ပြန်လာခဲ့ပါတယ်။ အကြောင်းရင်းကတော့ နာမကျန်းဖြစ်နေတဲ့ မိခင်ဖြစ်သူကို နောက်ဆုံးနှုတ်ဆက်ဖို့ပါပဲ။မွေးရပ်မြေမှာ ခဏတာပဲနေပြီး ပြန်ဖို့ ရည်ရွယ်ခဲ့ပေမဲ့၊ သူစိမ်းဆန်နေတဲ့ ဖခင်ဖြစ်သူနဲ့ ဆက်ဆံရေး၊ ငယ်သူငယ်ချင်းတွေ၊ ရည်းစားဟောင်းတွေနဲ့ ပြန်လည်ဆုံတွေ့မှုတွေကြားမှာ မမျှော်လင့်ထားတဲ့ ပြဿနာတွေနဲ့ အလွဲလေးတွေ ကြုံတွေ့ရပုံကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဆက်ဆံရေး‌တွေကြားက နက်ရှိုင်းတဲ့ ချစ်ခြင်း၊ နားလည်မှုလွဲခြင်းနဲ့ တာဝန်ဝတ္တရားတွေကို ရိုးရှင်းလှပစွာ ပုံဖော်ထားပါတယ်။ အထူးသဖြင့် မိသားစုနဲ့ ဝေးကွာနေသူတွေအတွက် မိမိတို့ရဲ့ အမြစ်တွယ်ရာ ဇာတိမြေနဲ့ ပတ်သက်တဲ့ ခံစားချက်ကို နိုးကြားစေမယ့် ဇာတ်ကားမျိုးပဲ ဖြစ်ပါတယ်။ File Size… (1.37GB) / (795MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 37m Genre … Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း