The Bodyguard
နာမည်ကျော် မင်းသမီးနဲ့ အဆိုတော် ရေချယ်မဲရွန်ဆီကို အသက်အန္တရာယ် ခြိမ်းခြောက်စာတွေ ခပ်စိတ်စိတ် ရောက်လာပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတကိုတောင် ကာကွယ်ပေးခဲ့ဖူးတဲ့ သက်တော်စောင့် ဖရန့်ဖားမားကို ငှားရမ်းလိုက်ကြတယ်။ အန္တရာယ်တွေ ဝိုင်းနေတဲ့ ရေချယ်ကို ကာကွယ်ရင်း ဖရန့်တစ်ယောက် ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ နောက်ကွယ်က တရားခံအစစ်ကို ဘယ်လိုရှာဖွေမလဲဆိုတာနဲ့ ဇာတ်လမ်းဆက်သွားပါတယ်။ နာမည်ကျော်မင်းသမီးနဲ့ သူ့သက်တော်စောင့်တို့ကြားမှာ ဘယ်လိုအကြောင်းတွေ ဆက်ဖြစ်လာမလဲဆိုတာလည်း စောင့်ကြည့်ရမှာပါ။ ကီဗင်ကော်စတာနဲ့ ဝစ်နေးဟော်စတန်တို့ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ဟာ ဒေါ်လာ ၂၅ သန်း ကုန်ကျခဲ့ပြီး ရုံဝင်ငွေ ဒေါ်လာ ၄၁၁ သန်းကျော် ရရှိခဲ့တဲ့ WB ရုပ်ရှင်ပါ။ ဒိုင်ယာလော့ဂ်တွေနဲ့ ဇာတ်ဝင်တေးတွေမှာ ခေတ်ဆန်မှုနဲ့ ဂန္တဝင်အငွေ့အသက်ကို တွဲဖက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း