ဇာတ်ကားများ ရွေးရန်

Secret Reunion

2010ဇာတ်ကားအမှတ် 6.9/10117 မိနစ်

Secret Reunion (2010) IMDb Rating (6.9) အခုတစ်ခါမှာတော့ 2010 ခုနှစ်ရဲ့ Blue Dragon Awards မှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ရရှိခဲ့တဲ့ Secret Reunion ဆိုတဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကလည်း အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Parasite, A taxi driver မှ မင်းသားကြီး Song Kang Ho နှင့် Tempest, Uprising မှ မင်းသားကြီး Kang Dong Won တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ ကြည့်ရတာ တန်မဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ဆိုးလ်မြို့မှာ ပဟေဠိဆန်တဲ့ သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွါးခဲ့ပြီး အဲဒီပစ်ခတ်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကြောင့်ပဲ အီဟန်ဂယူ (Song Kang Ho) ဟာ အမျိုးသားထောက်လှမ်းရေးအဖွဲ့ကနေ အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အဲဒီလိုနဲ့ ၆ နှစ်အကြာမှာတော့ ဆိုးလ်မြို့ရဲ့ မြို့ပြဒေသ တစ်နေရာမှာ လှုပ်ရှားနေတဲ့ မြောက်ကိုရီးယား သူလျှိုဟောင်း ဆုန်းဂျီဝန်း (Kang Dong Won) နဲ့ အမှတ်မထင် တွေ့ဆုံခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ အချင်းချင်း သရုပ်မှန်ကို ဖုံးကွယ်ပြီး တစ်ယောက် အချက်အလက်ကို တစ်ယောက် ခိုးယူရန်အတွက် စပ်တူစီးပွါးရေးလုပ်ဖို့ သဘောတူလိုက်တဲ့အခါမှာတော့ …။ File Size : 3.10GB/ 1.23GB Quality : NF WEB-DL1080p/ 720p Format…mp4 Duration…1hr 58m Genre : Action, Thriller, Crime, Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း