ဇာတ်ကားများ ရွေးရန်

The Insider

1999ဇာတ်ကားအမှတ် 7.5/10158 မိနစ်

နာမည်ကြီး ဆေးလိပ်ကုမ္ပဏီခုနစ်ခုထဲက ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနလုပ်နေတဲ့ ဒေါက်တာတစ်ယောက် ရှိပါတယ်။ စမ်းသပ်စစ်ဆေးချက်တွေကနေ တွေ့လာတဲ့ နီကိုတင်းရဲ့ဆိုးကျိုးတွေကို သူက အထက်လူကြီးဆီ တင်ပြခဲ့တယ်။ ဆေးလိပ်ကုမ္ပဏီတွေကလည်း သူတို့ထုတ်ကုန်တွေဟာ ဘေးဥပဒ်ဖြစ်စေနိုင်တာကို သိထားပေမယ့် အဲဒီအချက်တွေကို လျှို့ဝှက်ထားကြပါတယ်။ နောက်ပိုင်းမှာတော့ ဆိုးကျိုးတွေအကြောင်း တင်ပြခဲ့တဲ့ ဒေါက်တာဟာ အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခံလိုက်ရတယ်။ အလုပ်ပြုတ်သွားပြီးချိန်မှာ သူဟာ နာမည်ကြီး ရုပ်သံအစီအစဉ်တစ်ခုရဲ့ ပရိုဂျူဆာနဲ့ အဆက်အသွယ်ရလာပါတယ်။ ပရိုဂျူဆာက ဆေးလိပ်လုပ်ငန်းအတွင်း လျှို့ဝှက်ထားတဲ့ အချက်အလက်တွေအကြောင်း မေးမြန်းဖို့ သူ့ကို အစီအစဉ်မှာ ပါဝင်ပေးဖို့ ကမ်းလှမ်းလာတယ်။ The Insider ဟာ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ၁၉၉၉ ခုနှစ် ရုပ်ရှင်ဖြစ်ပြီး Russell Crowe နဲ့ Al Pacino တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကောင်တွေနဲ့ စကားပြောခန်းတွေကို လက်တွေ့ဆန်တဲ့ပုံစံနဲ့ တင်ပြထားပြီး ပြသချိန်က နှစ်နာရီကျော် ကြာပါတယ်။ အစပိုင်းမှာ ဇာတ်ကြောင်းချိတ်ဆက်မှုတွေကို ဖြည်းဖြည်းချင်း လိုက်ကြည့်ရတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း