A Tale of Springtime
A Tale of Springtime (1990) IMDb Rating (7.1) / Rotten Tomatoes (88%) Eric Rohmerရဲ့ လေးရာသီဇာတ်လမ်းတွေက ဇာတ်လမ်းက ဘာမှမပါပေမဲ့ တစ်ပုဒ်နဲ့တစ်ပုဒ် ထပ်သွားတာလည်းမရှိဘူး။ ဇာတ်ကောင်တွေရဲ့ အကျင့်စရိုက်တွေ တွေးပုံမြင်ပုံတွေကိုပဲ အဓိကထားပြတာပေမဲ့ ကာရိုက်တာတွေ ထပ်သွားတာတွေလည်း မရှိဘူး။ အားလုံးမှာ တူညီတဲ့တစ်ချက်ကတော့ လူ့ဆက်ဆံရေးတွေကြားက ကွင်းဆက်တွေအဟပေါက်တွေကို အမြဲပြသပြီး မမြင်နိုင်တဲ့ တစ်စုံတရာနဲ့ အမြဲ အဆုံးသတ်ထားတယ်။ A Tale of Springtime ကတော့ သူ့လေးရာသီဇာတ်လမ်းတွေရဲ့ အစကားဆိုတော့ ဒီကားမှာလည်း အဲဒီမှော်ဆန်တဲ့ မမြင်နိုင်တဲ့ တန်ခိုးရှိတဲ့ တစ်စုံတရာပါပေမဲ့ အဲဒီတစ်စုံတရာ ကျန်တဲ့ကားတွေထက်တော့ ပါးလျတယ်။ Rohmerရဲ့ ဇာတ်လမ်းတွေက အရှိတရားကိုပဲ တည့်တည့်ပြနေတဲ့တစ်ချိန်တည်းမှာပဲ ဒီလိုမှော်ဆန်တဲ့တစ်စုံတရာ အမြဲရှိနေတာက တစ်ချို့အတွက်တော့ ဒါကအရှိတရားဖြစ်မဖြစ် မေးခွန်းထုတ်စရာဖြစ်သွားမလားမသိပေမဲ့ ကျွန်တော့်အတွက်တော့ မှော်ဆန်တဲ့တစ်စုံတရာရှိနေတဲ့ အရှိတရားတွေက အရှိတရားပိုဆန်တယ်လို့ ထင်တယ်။ ဆိုပေမဲ့လို့ Rohmerရဲ့ မှော်ဆန်တဲတစ်စုံတရာက လက်ဆုပ်လက်ကိုင် သက်သေတစ်ခုနဲ့တော့ မလာဘူး။ Magnoliaထဲကလို ဖားမိုးတွေရွာချလိုက်တဲ့ Desus Ex Machinaနဲ့ မလာဘူး။ အခွင့်အခါနဲ့ ကံတရားကြားက သိရခက်တဲ့ အခြေအနေတစ်ခုနဲ့လာတယ်။ အရှိတရားလိုပဲပေါ့။ ဖြစ်လာတဲ့ မှော်ဆန်တဲ့အရာတစ်ခုက ကံတရားလား အခွင့်အခါလား မှော်ဆန်ခြင်းလား သည်းကွဲစွာ အမည်တပ်ဖို့ရာ မဖြစ်နိုင်ဘူး။ ယုံကြည်တဲ့ခေါင်းစဉ်တစ်ခုအောက် ဆွဲသွင်းလိုက်ကြရုံပေါ့။ဒါကြောင့်ပဲ Rohmerရဲ့ ရုပ်ရှင်တွေက အရှိတရားကို ပိုပီသနေတယ်။ အနေကြာလာရင်း ကျွန်တော့်အတွက်တော့ မျှော်လင့်ခြင်းဟာ တိကျတဲ့တစ်စုံတရာ ဘယ်တော့မှ မဟုတ်တော့ဘူး။ တစ်စုံတရာဟာ တစ်ချိန်ချိန်မှာဆိုတဲ့ ဝေဝါးမှုမျိုးနဲ့ပဲ ကျန်တော့တယ်။ မျှော်လင့်ချက်ဟာ အထားအသိုမှားတဲ့အခါ အန္တရာယ်သိပ်များတဲ့ အရာတစ်ခုလည်း ဖြစ်သွားတတ်တယ်မို့လား။ ဆိုပေမဲ့လို့ တစ်စုံတရာကိုတော့ ယုံကြည်သင့်သေးတယ်။ Rohmerရုပ်ရှင်တွေထဲကလို တစ်စုံတရာမျိုး။ Magnoliaထဲကလို တစ်စုံတရာမျိုး။ အခွင့်အခါလည်းဖြစ်နိုင်တယ်။ တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နိုင်တယ်။ တန်ခိုးစွမ်းအားတစ်ခုကြောင့်လည်း ဖြစ်နိုင်တယ်။ ဘာမဆိုပေါ့။ အသက်ရှင်ပျော်နိုင်စေမယ့် တစ်စုံတရာ။ File size… (3.2 GB) / (1.5 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 01:47:41 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း