ဇာတ်ကားများ ရွေးရန်

Secrets of the Heart

1997ဇာတ်ကားအမှတ် 6.3/10105 မိနစ်

Secrets of the Heart (1997) IMDb Rating (7.0) / Rotten Tomatoes (80%) ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့ပြီး Director Montxo Armendáriz ရိုက်ကူးထားတဲ့ စပိန်ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒီကားဟာ Best Foreign Language Film ဆုအတွက် Oscar ဆန်ကာတင်စာရင်းဝင်ခဲ့သလို၊ Berlin Film Festival မှာလည်း ဆုတွေရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ရရှိထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ အသက် ၉ နှစ်အရွယ် ကောင်လေး Javi ရဲ့ အမြင်ကနေတဆင့် တင်ဆက်ထားပါတယ်။ အားလပ်ရက်မှာ Javi ဟာ သူ့အစ်ကို Juan နဲ့အတူ တောင်ပေါ်ရွာလေးက အဒေါ်ဖြစ်သူတို့အိမ်ကို အလည်သွားကြပါတယ်။ အဲဒီအိမ်ကြီးမှာ လူကြီးတွေ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ၊ အတိတ်က အရိပ်မည်းတွေ ရှိနေပါတယ်။ အထူးသဖြင့် အိမ်ထဲက အမြဲတမ်းသော့ခတ်ထားတဲ့ အခန်းတစ်ခန်းနဲ့ ပတ်သက်ပြီး သူ့အစ်ကိုက သရဲပုံပြင်တွေ၊ သူတို့အဖေရဲ့ ဝိညာဉ်အော်သံတွေအကြောင်း ပြောပြတဲ့အခါ Javi တစ်ယောက် အကြောက်တရားနဲ့အတူ စူးစမ်းချင်စိတ်တွေ ပြင်းပြလာပါတယ်။ Javi ဟာ အဲဒီ လျှို့ဝှက်ချက်တွေကို ရှာဖွေရင်းနဲ့ လူကြီးတွေရဲ့ ရှုပ်ထွေးတဲ့ကမ္ဘာ၊ အချစ်၊ သေဆုံးခြင်းနဲ့ သံယောဇဉ်တွေကို တဖြည်းဖြည်း နားလည်လာပါတော့တယ်။ File size… (2.1 GB) / (1.2 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:22:45 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း