Crazy Beautiful You
ဂျက်ကီဟာ ငယ်ငယ်ကတည်းက အမေထားသွားလို့ အဖေနဲ့အတူ ကြီးပြင်းလာခဲ့ရတဲ့ ကောင်မလေးပါ။ သူ့ကို စွန့်ထားခဲ့တဲ့အတွက် အမေ့ကို နာကျည်းရင်း ဂျစ်ကန်ကန်နဲ့ နေတတ်လာတယ်။ တစ်နေ့ အချုပ်ထဲ ခဏရောက်နေချိန်မှာတော့ အမေက ရောက်လာပြီး သူ့ကို ပြန်ထုတ်ပေးခဲ့ပါတယ်။ အဲဒီနောက် သူနဲ့အတူ လာနေဖို့လည်း ခေါ်တယ်။ နောက်တစ်ရက်မှာ အမေ့ဆီသွားဖို့ အစ်ကိုက လာကြိုပေမယ့် ဂျက်ကီက လမ်းတစ်နေရာမှာ ကားရပ်ခိုင်းပြီး ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။ အဲဒီမှာပဲ ကီကိုဆိုတဲ့ ကောင်လေးနဲ့ စတွေ့ခဲ့တာပါ။ ကီကိုဟာ မြို့တော်ဝန်ရဲ့သားဖြစ်ပြီး ဂျက်ကီအမေရဲ့ ပရဟိတအဖွဲ့မှာ မြို့တော်ဝန်ကိုယ်စား ဝင်ကူပေးနေသူပါ။ ဒါပေမဲ့ သားအဖြစ် တရားဝင် အသိအမှတ်ပြုမခံရဘဲ ဝန်ထမ်းတစ်ယောက်လိုပဲ သဘောထားခံနေရတယ်။ ကီကိုမှာလည်း ကိုယ့်ထက် အသက်အများကြီးငယ်တဲ့ မောင်နှမတွေနဲ့ မိသားစုအရေးကို စိတ်မဝင်စားတဲ့ အမေတို့ကြား တာဝန်ယူနေရတဲ့အခြေအနေ ရှိပါတယ်။ ဒီလိုနေရပေမယ့် သူက အရာရာကို အကောင်းမြင်တတ်ပြီး သဘောကောင်းတဲ့သူပါ။ နောက်တော့ ဂျက်ကီနဲ့ ကီကိုတို့ဟာ ဂျက်ကီအမေရဲ့ ပရဟိတအဖွဲ့မှာ အတူတူ အလုပ်လုပ်ဖို့ အကြောင်းဖန်လာကြတယ်။ Kathryn Bernardo နဲ့ Daniel Padilla တို့ ပါဝင်ထားတဲ့ ဒီအချစ်ဇာတ်လမ်းမှာ စိတ်နေစိတ်ထားမတူတဲ့ သူတို့နှစ်ယောက် အတူအလုပ်လုပ်ရင်း ဘာတွေ ကြုံလာကြမလဲ။ ဂျက်ကီကရော ပြောင်းလဲလာမလား၊ နှစ်ယောက်သား နီးစပ်လာနိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း