Finding Nicole
ဒီရုပ်ရှင်က ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လို စတင်ထားပေမဲ့ တကယ်တမ်းမှာတော့ အိမ်တွင်းအကြမ်းဖက်မှုရဲ့ ကြောက်မက်ဖွယ်ရာ မျက်နှာစာကို ပီပီပြင်ပြင် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ရဲအရာရှိ ခင်ပွန်းသည် ဝါရင် ရဲ့ ချစ်ခြင်းမေတ္တာအယောင်ဆောင် နှိပ်စက်မှုတွေကြားမှာ ပိတ်မိနေတဲ့ နီကိုးလ် ရဲ့ ဘဝကို စာနာနားလည်မှုအပြည့်နဲ့ ပုံဖော်ထားတာ တွေ့ရပါတယ်။ ဇာတ်ကားရဲ့ အဓိက အသက်ကတော့ ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခပါပဲ။ ဝါရင်က ရဲအရာရှိတစ်ယောက် ဖြစ်နေတာကြောင့် ဥပဒေနဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး နီကိုးလ်ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ချောင်ပိတ်ဖိအားပေးပုံတွေကို မြင်တွေ့ရမှာပါ။ "ငါ့ကို ဘယ်သူမှ ဘာမှမလုပ်နိုင်ဘူး" ဆိုတဲ့ ဝါရင်ရဲ့ မာနနဲ့ ခြိမ်းခြောက်မှုတွေကြားမှာ နီကိုးလ်တစ်ယောက် မိသားစုလုံခြုံရေးအတွက် ဘယ်လို ရုန်းကန်ရမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရပါတယ်။ တရားရုံးက တားမြစ်မိန့်တွေ ဥပဒေအကာအကွယ်တွေက လက်တွေ့မှာ အမြဲတမ်း အကာအကွယ်မပေးနိုင်တဲ့ အခြေအနေတွေကိုလည်း လက်တွေ့ကျကျ မီးမောင်းထိုးပြထားပါတယ်။ ဒီကားက အကြမ်းဖက်မှုအကြောင်းပဲ သက်သက် မဟုတ်ပါဘူး။ ကြောက်ရွံ့မှုတွေကြားကနေ သားသမီးတွေအတွက် မတ်တပ်ရပ်ဖို့ ကြိုးစားလာတဲ့ မိခင်တစ်ယောက်ရဲ့ စိတ်ဓာတ်ခွန်အားကိုပါ ဖော်ပြထားပါတယ်။ အတိုချုပ်ပြောရရင်တော့ ဒရာမာနဲ့ သည်းထိတ်ရင်ဖိုဖြစ်ရတဲ့ ခံစားချက်တွေအပြင် လက်တွေ့ဘဝနဲ့ နီးစပ်လွန်းတဲ့ ခံစားမှုကို ပေးမယ့် ဇာတ်ကားကောင်း တစ်ကားပါိ။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း