ဇာတ်ကားများ ရွေးရန်

The Real Monkey King: Bufashan

2025ဇာတ်ကား96 မိနစ်

ဒီဇာတ်ကားကတော့ နတ်၊မိစ္ဆာ ဘယ်သူမဆိုရောက်လာတာနဲ့ စွမ်းအားတွေပျောက်ပျယ်သွားပြီ လူ့အသွင်ပြောင်းသွားတဲ့ စွမ်းအားမဲ့တောင်ပေါ်က တည်းခိုဆောင်တစ်ခုမှာ အဓိကဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်၅၀၀က ကောင်းကင်နန်းတော်ကိုအာခံခဲ့တဲ့အတွက် ဘုရားရှင်ရဲ့တန်ခိုးနဲ့ ချုပ်နှောင်ခံရတဲ့မျောက်ဘုရင်တစ်ပါးရှိခဲ့တယ်။ သူဟာစွမ်းအားမဲ့တောင်ပေါ်မှာချုပ်နှောင်ခံရပြီး လွတ်မြောက်မယ့်အချိန်ကိုစောင့်နေပါတယ်။ အဲဒီအချိန်မှာပဲ အနောက်အရပ်ကိုပိဋိကတ်တော်သွားပင့်တဲ့ ထန်စန်းကိုယ်တော်ရဲ့ အစောင့်အရှောက်ဖြစ်ပြီးတော့ သူ့ကိုယ်သူစွန်းဝူခုန်းပါလို့ ခံယူနေသူတစ်ယောက်ရှိတယ်။ စွမ်းအားမဲ့တောင်က အနောက်အရပ်ကိုသွားတဲ့နေရာမှာ ဖြတ်ကိုဖြတ်သွားရမယ့်နေရာဖြစ်တဲ့အတွက် ဒီမျောက်ဘုရင်စွန်းဝူခုန်း(၂)ယောက်က မလွဲမသွေထိပ်တိုက်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ စွန်းဝူခုန်းအတုအစစ်ကြားတိုက်ပွဲအပြင် မသေမျိုးဖြစ်ဖို့အတွက် ထန်စန်းအသားကိုစားရဖို့ စွမ်းအားမဲ့တောင်မှာမိစ္ဆာတွေစုဝေးလာကြတဲ့အခါ...... အမှန်တရားနဲ့အတုအယောင် ကောင်းခြင်းနဲ့ဆိုးခြင်းကြားက တိုက်ပွဲတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ် Filesize : 1.43 GB / 834 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Fantasy , Action Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း