A Tale of Autumn
A Tale of Autumn (1998) IMDb Rating (7.4) / Rotten Tomatoes (95%) Eric Rohmerရဲ့ လေးရာသီဇာတ်လမ်းတွေထဲ ပညာတတ်လူတန်းစားအရမ်းဆန်တဲ့ ကာရိုက်တာတွေ အမြဲပါလာတတ်တယ်။ ဆိုပေမဲ့လို့ ဒီဇာတ်ကောင်တွေက တမင်ဟိတ်ဟန်ထုတ်နေတာမဟုတ်ဘဲ သူတို့ဝသီကိုက ဒီလိုမျိုးဖြစ်နေတာဆိုတဲ့ ခံစားချက်မျိုးလည်း ပေးနိုင်တယ်။ ဒီတော့ နည်းနည်းစိတ်ဝင်စားသွားတဲ့နောက် အရေးမပါလှပေမဲ့ သိချင်စိတ်နဲ့ သူ့ပညာရေးနောက်ခံကို စပ်စုကြည့်လိုက်တော့ အတည်ကြီး ပညာတတ်လူတန်းစား အဖြစ်လွန်နေတယ်။ တစ်ဆက်တည်း သူ့ဘော်ဒါသူ့လုပ်ဖော်ကိုင်ဖက် သူ့လိုဂုရု၂ယောက်ဖြစ်တဲ့ Godardနဲ့ Truffautရဲ့ ပညာရေးဘတ်ဂရောင်း ထပ် ရှာကြည့်လိုက်တယ်။ အဲဒီနောက် ကျွန်တော်အတပ်ပြောလို့ရတာက သူတို့သုံးတဲ့ဇာတ်ကောင်တွေဟာ အနည်းနဲ့အများတော့ သူတို့ရဲ့လောကအမြင် သူတို့ရဲ့စရိုက်ကို ထင်ဟပ်တဲ့ ဇာတ်ကောင်တွေပါနေတယ်ဆိုတာပဲ။ မတူညီတဲ့နောက်ခံတွေဟာ တူညီတဲ့လမ်းကြောင်းတစ်ခုပေါ်မှာ တူညီတဲ့အလုပ်တစ်ခုကို လုပ်နေကြတဲ့လူတွေကို မတူတဲ့အရသာပေးနိုင်စေတဲ့ လူတွေ ဖြစ်လာစေခဲ့တယ်ပေါ့။ သူတို့ရုပ်ရှင်တွေကတောင် ပုဂ္ဂလိကဆန်နေတဲ့နောက် ဘယ်သူ့ကို ပိုကြိုက်မလဲ ဘယ်သူပိုကောင်းလဲဆိုတာကလဲ ပုဂ္ဂလိကဆန်နေမှာပဲ။ Autumn Tale မှာလည်း အဲဒီလိုကာရိုက်တာမျိုးပါတယ်ဆိုပေမဲ့ ကျန်တဲ့၃ကားထက်လျော့တယ်။ ဗဟိုမှာဝိုင်ထားတဲ့ထဲ ပါပေမဲ့ အဓိကမကျခဲ့ဘူး။ ဒီဇာတ်ရဲ့အဓိကဇာတ်ကောင်က ကျေးလက်က ဝိုင်ချက်သမတစ်ယောက်ပဲ။ အသက်၄၀ကျော် တစ်ကိုယ်တည်းသမား ဝိုင်ချက်သမကို ကြင်ဖက်ရှာပေးဖို့ သူ့ဘေးကလူတွေ ဝိုင်းကြိုးစားကြတဲ့အကြောင်းသက်သက်ပဲ။ ပြောရရင် ပထမဆုံးကားဖြစ်ခဲ့တဲ့ A Tale Of Springtimeက အောင်သွယ်မှုကို ပိုတိုးပေးလိုက်တာပဲ။ ပြင်သစ်ကားတစ်ကားမှာ ပြင်သစ်ဝိုင်ချက်တဲ့အကြောင်းပြထားတာက လှတော့လှတယ်။ ထုံးစံအတိုင်း ကာရိုက်တာတွေထဲက ဆက်ဆံရေးတွေအကြောင်းပဲ။ Rohmerကားတွေက အချစ်ကားလို့ ပြောလို့ရသလို အဲဒီအချစ်က ပုံသေယုံကြည်ကြတဲ့အချစ်မျိုးတော့ မဟုတ်ဘူး။ ဒီကားမှာတော့ ၄၀နှောင်းတွေကြားက အချစ်လို့ပြောလို့ရလောက်မယ့်အရာလို့ပဲ ပြောလို့ရမယ့်အရာအကြောင်းဆိုတော့ ပိုပြောဖို့ခက်တယ်။ ပန်းရိုင်းတွေပါတဲ့ An Autumn Tale ကို ကြည့်နေရင်း ပြေးသတိရမိတာက ဘာ့ချ်မန်းရဲ့ စတော်ဘယ်ရီရိုင်းတွေကိုပေါ့။ ဘာလို့ ပန်းရိုင်း ဘာလို့စတော်ဘယ်ရီရိုင်းလဲ။ ဟိုးငယ်ငယ်တုန်းက ဘဝမှာ အရိုင်းပင်တွေ ရှိခဲ့ကြဖူးလိမ့်မယ်။ သိလိုစိတ် စူးစမ်းမှု ပတ်ဝန်းကျင်အပေါ် စိတ်ဝင်စားမှု ဘာခေါင်းစဉ်တပ်ရမလဲတော့ မသိဘူး။ ဆိုပေမဲ့ အရိုင်းပင်တွေပဲဟာ ငယ်တုန်းမှာပဲ ပိုသတိထားမိနိုင်တဲ့အရာမျိုးပဲ။ ငယ်ဘဝက ပန်းသီးရိုင်းလို့ခေါ်ရမလား ဘာလားတောင်မသိတော့တဲ့ တံတိုင်းလို ခြုံပင်ထက်မှာ စကြာအသေးစားတွေလိုပန်းတွေကနေ အစုလိုက်ပေါက်နေတဲ့ပန်းသီးပေါက်စလေးတွေနဲ့တူတဲ့ စားလိုက်ရင် ပန်းသီးလိုလိုလည်းဖြစ်နေတဲ့ အသီးသေးသေးလေးတွေကို စားခဲ့ဖူးတဲ့အချိန်တွေကို ပြန်ခေါ်နိုင်ခဲ့တဲ့ ရုပ်ရှင်တွေလို့ ပြောရမလားပါပဲ။ File size… (3.1 GB) / (2.6 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 01:52:05 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း